Monday, December 1, 2014

ဒဂုံ(မြောက်) ၅ဝ ကွေ့မှ မင်္ဂလာဈေးအထိ ယာဉ်လိုင်းသစ် အဓိပတိ(အဖြူ-၂)စတင်ပြေးဆွဲ

Photo: ဒဂုံ(မြောက်) ၅ဝ ကွေ့မှ မင်္ဂလာဈေးအထိ ယာဉ်လိုင်းသစ် အဓိပတိ(အဖြူ-၂)စတင်ပြေးဆွဲ
===============================================

ရန်ကုန်     နိုဝင်ဘာ     ၃ဝ

ဒဂုံမြို့သစ်(မြောက်ပိုင်း)နေပြည်သူများ   သွားလာမှုအဆင်ပြေစေရေး အတွက် အဓိပတိ(အဖြူ)ယာဉ်လိုင်းမှခွဲထွက်၍ အဓိပတိ(အဖြူ-၂) ယာဉ်လိုင်း ကို  ဒီဇင်ဘာ ၁ ရက်မှ စတင်ပြေးဆွဲမည်ဖြစ်သည်။

အဆိုပါယာဉ်လိုင်းသစ် စမ်းသပ်ပြေးဆွဲသည့်အနေဖြင့် နိုဝင်ဘာ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ခရီးသည်များအား အခမဲ့ဖြင့်စတင်ပြေးဆွဲပြီး ဒီဇင်ဘာ ၁ ရက်တွင် ခရီးစဉ် စ၊ ဆုံး ကျပ် ၂ဝဝ သတ်မှတ်၍ ပြေးဆွဲမည်ဖြစ်သည်။

ထိုယာဉ်လိုင်းပြေးဆွဲမည့် ခရီးလမ်းကြောင်းမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၅ဝ ကွေ့မှစတင်၍ ပြည်ထောင်စုလမ်း၊ ရေခဲဆိုင်၊ (၄၆)လမ်းဆုံ၊ ဗိုလ်မှူး ဗထူးလမ်း၊ ဗထူးဈေး၊ ကျောင်းရှေ့၊ ဗိုလ်မင်းရောင်လမ်း၊ တံတားဖြူ၊ (၄ဝ)ဈေး၊ ပင်လုံလမ်း၊ (၃၅)မှတ်တိုင်၊ ဘေလီတံတားထိပ်၊ သံသုမာလမ်း၊ စီမံကိန်း လိုင်စင်ရုံး၊ စံပြဈေး၊ လေးထောင့်ကန်လမ်း၊ ဘဝမြင့်၊ ဘုရားလမ်း၊ အသင်းတိုက်၊ ကျောင်းရှေ့၊ တာမွေဗလီ၊ ကျောက်မြောင်းဈေး၊ ယုဇနပလာဇာ၊ မင်္ဂလာဈေးတွင်  ဂိတ်ဆုံးပြီး မင်္ဂလာဈေးမှပြန်လည်ထွက်ခွာ၍  အလာခရီးစဉ် လမ်းကြောင်း အတိုင်း ပြန်လည်မောင်းနှင်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၅ဝ ကွေ့တွင် ခရီးစဉ် ပြီးဆုံးကြောင်း သိရသည်။                                    
 ဌေးအောင်(ကြေးမုံ)

No comments:

Post a Comment