Monday, December 1, 2014

ရွှေကြက်ယက်ဘုရားအနီး ဧရာဝတီမြစ်သောင်ထွန်း၍ ရွှေကြက်ယက်ဝဲပျောက်ဆုံး

Photo: ရွှေကြက်ယက်ဘုရားအနီး ဧရာဝတီမြစ်သောင်ထွန်း၍ ရွှေကြက်ယက်ဝဲပျောက်ဆုံး
===================================

အမရပူရ   နိုဝင်ဘာ  ၃ဝ

အမရပူရမြို့နယ်ရှိ   ရွှေကြက် ယက်၊ ရွှေကြက်ကျဘုရားနှစ်ဆူမှာ တန်ခိုးကြီး  ထင်ရှားပြီး  မင်းအဆက် ဆက်ပြုပြင်မှုများ  ပြုလုပ်သကဲ့သို့ပင် ဆုတောင်းပြည့်  အဓိဋ္ဌာန်အောင် စေတီပင်ဖြစ်သည်။

ရွှေကြက်ယက်တွင် အခြားထင်ရှား သောအရာမှာ လွန်ခဲ့သောနှစ်ပေါင်း များစွာက မိကျောင်းပေါ်ကာဘုရား ကို ဦးခိုက်ခြင်းများနှင့် ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရားအနီးတွင် ကျောက် မိကျောင်းဟုခေါ်သော မိကျောင်း ပုံသဏ္ဌာန် ကျောက်ရုပ်ပေါ်ထွန်းခဲ့ဖူးကြောင်း သိရသည်။ ဧရာဝတီမြစ် အတွင်း ဝါးဖောင်ချသူများ၊ သစ်ဖောင် ချသူများ  အထူးသတိထားရသော ဝဲတစ်ခုရှိခဲ့ဖူးသည်။ အများအားဖြင့် ရွှေကြက်ယက်ဝဲဟု ခေါ်ကြသည်။

ယခုအခါ မြစ်ကြောင်းပြောင်းလဲ ခြင်းနှင့် သောင်ထွန်းခြင်းများဖြစ်ပေါ် လျက်ရှိသည်။ အထူးသဖြင့် ဧရာဝတီ တံတား(ရတနာပုံ)အနီးနှင့် ရွှေကြက် ယက်၊ ရွှေကြက်ကျဘုရားအနီးတွင် သောင်ထွန်းလျက်ရှိသည်။ သဲသောင် ထွန်းမှုကြောင့်  ရွှေကြက်ကျဘုရား အနီးမှ နာမည်ကြီးရွှေကြက်ယက်ဝဲမှာ ပျောက်ဆုံးသွားကြောင်း သိရသည်။ လက်ရှိကာလတွင် သောင်ထွန်းခြင်းကြောင့်  ရေဝင် ရေထွက်ကောင်းကာ ရေသန့်စေရန်အတွက် ကိုယ်ထူ ကိုယ်ထသောင်တူးပြီး ဖောက်လုပ် ထားကြောင်း သိရသည်။ ယခုနှစ်တွင် ရွှေကြက်ယက်ဘုရားအနီး ဧရာဝတီ မြစ်ကြောင်းအတွင်း  သဲသောင် ထွန်း၍  နာမည်ကြီး ရွှေကြက်ယက်ဝဲမှာ  ပျောက်ဆုံးသွားကြောင်း သိရသည်။ 
(တိမ်တမန်)

No comments:

Post a Comment