Monday, December 1, 2014

မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်သည့် ပေါင်းလောင်းမြေအောက်ရေအားလျှပ်စစ်စက်ရုံသို့ နော်ဝေနိုင်ငံမှ လျှပ်စစ်ဆိုင်ရာပညာရှင်များ လာရောက်လေ့လာ

Photo: မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်သည့် ပေါင်းလောင်းမြေအောက်ရေအားလျှပ်စစ်စက်ရုံသို့ နော်ဝေနိုင်ငံမှ လျှပ်စစ်ဆိုင်ရာပညာရှင်များ လာရောက်လေ့လာ
================================================

နေပြည်တော်   နိုဝင်ဘာ     ၃ဝ

နော်ဝေနိုင်ငံ Norwegrian Renewable energy partners (INTPOW) မှ အဖွဲ့ဝင် ၄၁ ဦးပါဝင်သော လေ့လာရေးအဖွဲ့သည်   ပေါင်းလောင်း  မြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးရုံသို့ နိုဝင်ဘာ ၃ဝ ရက် မွန်းလွဲပိုင်းတွင် လာရောက်လေ့လာခဲ့ကြသည်။ 

အဆိုပါ ပေါင်းလောင်းမြေအောက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ သည် ပျဉ်းမနားမြို့နှင့် နေပြည်တော် မြို့တို့၏   အရှေ့မြောက်ဘက်တွင် တည်ရှိပြီး   ပျဉ်းမနားမြို့နှင့် ၁၁ မိုင်ကွာဝေးသည်။ ပေါင်းလောင်းမြေ အောက် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ အကျယ်အဝန်းသည် ၁၆၉၂ စတုရန်းမိုင်ရှိပြီး စက်တပ်ဆင်အားမှာ ၂၈ဝ မဂ္ဂါဝပ်ဖြစ်ကြောင်း  သိရသည်။

ယင်းပေါင်းလောင်းမြေအောက်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံ၏ ပထမဆုံးမြေအောက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖြစ်ပြီး နော်ဝေနိုင်ငံမှ လျှပ်စစ်ဆိုင်ရာ ပညာရှင်များ လာရောက်လေ့လာခဲ့ရာ တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင် ဝင်း၊ စက်ရုံမှူး ဦးကိုကိုနိုင်တို့က ပေါင်း လောင်း ရေအားလျှပ်စစ်စက်ရုံလည် ပတ်မှုကို ရှင်းပြခဲ့ပြီး နိုင်ငံတော်မဟာ ဓာတ်အားလိုင်းသို့ ဓာတ်အားပို့လွှတ် နေသော ဗဟိုထိန်းချုပ်ခန်း၊ သုတေ သနနှင့် ဓာတ်ခွဲခန်းများကို လေ့လာ ကာ အပေါ်ပေါင်းလောင်းဆည်သို့ တက်ရောက်လေ့လာခဲ့ကြသည်။

နော်ဝေနိုင်ငံမှ လျှပ်စစ် ပညာရှင် များအနေဖြင့် လျှပ်စစ်စွမ်း အားဝန်ကြီး ဌာနနှင့် ပူးပေါင်းကာ Hydropower in Myanmar - A Framework for Accelerated Pro-duction  ခေါင်းစဉ် ဖြင့် ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲများ  ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း-ကိုကိုနေ(ကြေးမုံ)
ဓာတ်ပုံ-ရာမည(ကြေးမုံ)

No comments:

Post a Comment