Tuesday, December 2, 2014

ကင်ဆာရောဂါဆိုင်ရာဟောပြောအခမဲ့ဆေးဝါးကုသပေး

Photo: ကင်ဆာရောဂါဆိုင်ရာဟောပြောအခမဲ့ဆေးဝါးကုသပေး

ရန်ကုန် ဒီဇင်ဘာ ၁

ရန်ကုန်    မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်  ကျန်စစ်သား လမ်းမကြီး  အောင်ဇေယျမြို့တော် နဝရတ်တိုက်ခန်း အောင်ဇေယျမြို့ တော် လူရည်ချွန်ကုသိုလ်ဖြစ် (အခမဲ့) အထူးကုဆေးခန်းရှိ ဧည့်ခန်းမတွင် နိုဝင်ဘာ ၃ဝ ရက် နံနက် ၈ နာရီခွဲ က လူရည်ချွန်  (၁၉၆၄-၈၈)အဖွဲ့နှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေး ရှင်းတို့ ပူးပေါင်းကျင်းပသည့် ကင်ဆာ ရောဂါဆိုင်ရာ  ဟောပြောခြင်းနှင့် အခမဲ့စမ်းသပ်  စစ်ဆေးခြင်းအခမ်း အနားကျင်းပသည်။    

အခမ်းအနားတွင် လူရည်ချွန် (၁၉၆၄-၈၈)  ဥက္ကဋ္ဌ  ဒေါက်တာ တင်မျိုးဝင်းက အမှာစကားပြောကြား သည်။

ထို့နောက် လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ညွန့်ယဉ်ဝင်း (ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် လောင်း)က  အခြေခံလူတန်းစား အများဆုံးနေထိုင်သည့်  အဆိုပါ မြို့နယ်အတွင်းမှ မိသားစုဝင်တို့၏ ကျန်းမာရေးမှအစ လူမှုဘဝမြင့်မား ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ရွှေ ရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း အဖွဲ့ဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာ ဒေါ်ယဉ်ယဉ်ထွန်း ဦးဆောင်သော အဖွဲ့မှ ဆရာဝန်ကြီးများက ရင်သား ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် သွားခံတွင်း၊ အသည်းရောင်အသားဝါ ဆိုင်ရာ ကဏ္ဍအလိုက် ဆေးစစ် ကုသမှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

(မြန်မာ့အလင်း)

No comments:

Post a Comment