Monday, December 29, 2014

တောရက်စ်အား အေစီအမြဲတမ်း စာချုပ်

Photo: တောရက်စ်အား အေစီအမြဲတမ်း စာချုပ်
===========================

ချယ်လ်ဆီးနှင့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား စီးရီးအေကလပ် အေစီမီလန်က အမြဲတမ်းစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ ဇန်နဝါရီ ၅ ရက်ကစပြီး တောရက်စ်သည် အေစီမီလန်အသင်း၏ အမြဲတမ်းကစားသမားဖြစ်သွားပြီ ဖြစ်သည်။  အသက် ၃ဝအရွယ် တောရက်စ်သည် ချယ်လ်ဆီးမှ အေစီမီလန်သို့ သြဂုတ်လမှစတင်ကာ နှစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက်ကစားနေခဲ့သူဖြစ်သည်။ 

၎င်းအား   အသင်းဟောင်း   အက်သလက်တီကိုသို့     အေစီ မီလန်က     ထပ်မံအငှားချထားဖွယ်ရှိသည်။    တောရက်စ်သည် လီဗာပူးမှ ချယ်လ်ဆီးသို့ပေါင်သန်း ၅ဝဖြင့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလက ပြောင်းရွေ့ခဲ့သည်။     ၎င်းသည် ချယ်လ်ဆီးအသင်းနှင့်အတူ ချန်ပီ ယံလိဂ်၊ ယူရိုပါလိဂ်နှင့် အက်ဖ်အေဖလားများကို   ဆွတ်ခူးပေးနိုင် ခဲ့သည်။ 

တောရက်စ်အားသူ၏ကလေး ဘဝကတည်းက   စတင်ခဲ့သည့်  ဘောလုံးသမားဘဝကို   ခြေချရာ အက်သလက်တီကိုက  ခေါ်ယူရန်  အဆက်အသွယ်  ပြုလုပ်ခဲ့သည်။ သို့သော်လည်း အေစီမီလန်က   အရ ခေါ်ယူနိုင်ခဲ့သည်။ 
ကောင်းမြတ်သူ 

No comments:

Post a Comment