Monday, December 29, 2014

အီရန်စစ်ရေးလေ့ကျင့်နေသည့် ရေပိုင်နက်မှ အမေရိကန်စစ်သင်္ဘော ထွက်ခွာပေးရ

 Photo: အီရန်စစ်ရေးလေ့ကျင့်နေသည့် ရေပိုင်နက်မှ အမေရိကန်စစ်သင်္ဘော ထွက်ခွာပေးရ

တီဟီရန် ဒီဇင်ဘာ ၂၈

အီရန်ကင်းလှည့်လေယာဉ်တစ်စင်း၏ သတိပေးချက်အရအမေရိကန် စစ်သင်္ဘောတစ်စင်းသည်  အီရန်တို့ အဓိက စစ်ရေးလေ့ကျင့်နေသော ရေပိုင်နက်မှ  ထွက်ခွာပေးခဲ့ရသည်။  အီရန်ရေတပ်ပိုင် အဆိုပါကင်းလှည့် လေယာဉ်သည် ရန်သူကိုရှာဖွေ၍  မဟာဗျူဟာကို သတ်မှတ်ရန်နယ်မြေကို   ကင်းထောက်နေစဉ်အတွင်း အခြားနိုင်ငံများမှ စစ်သင်္ဘောများနှင့်အမေရိကန်စစ်သင်္ဘောတို့ကို အီရန်ရေပိုင်နက်မှထွက်ခွာပေးရန်တနင်္ဂနွေနေ့က သတိပေးခဲ့သည်။

စစ်သင်္ဘောများသည်သတိပေးချက်ကို လက်ခံခဲ့ပြီးနောက် အဆိုပါနေရာမှ ချက်ချင်းထွက်ခွာခဲ့ကြသည်။

အီရန်တပ်မတော်သည် လက်ရှိတွင်  ဘုရားသခင်တမန်တော်ဟု အမည်ပေးထားသည့်စစ်ရေးလေ့ကျင့် မှုကြီးများကို နိုင်ငံတောင်ပိုင်းတွင် ပြုလုပ်နေသည်။

စတုတ္ထအဆင့် စစ်ရေးလေ့ကျင့်မှုကို တနင်္ဂနွေနေ့တွင် စတင်ပြုလုပ်မည်ဖြစ်သည်။

အဆိုပါဒေသကို   စစ်ရေးလေ့ ကျင့်နေစဉ်အတွင်း ဒုံးလက်နက်များနှင့်တော်ပီဒိုများပစ်လွှတ်ရန် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်  နိုင်ငံခြားတပ်ဖွဲ့များကို  ဤဒေသမှ ထွက်ခွာပေးရန်  သတိပေးခြင်းဖြစ်ကြောင်း ဆိုသည်။

နိုင်ငံတကာနည်းဥပဒေများအရ ဤနေရာမှ ထွက်ခွာပေးရန် ငြင်းဆိုသော သူများသည် ဖြစ်ပေါ်လာမည့် အကျိုးဆက်များတွင်   တာဝန်ရှိကြောင်း အဆိုပါ အီရန်ရေတပ်အကြီး အကဲကဆိုသည်။

စတုတ္ထအဆင့် စစ်ရေးလေ့ကျင့်မှုတွင် အီရန်ရေတပ်  တပ်ဖွဲ့ဝင်များသည်  ကမ်းရိုးတန်းဒေသသို့  ဝင်ရောက်လာမည့်   ရန်သူစစ်သင်္ဘောများကို  ကာကွယ်ရန်  မိုင်းများ ထောင်ထားလိမ့်မည်ဖြစ်သည်။   ထို့အပြင် တပ်ဖွဲ့ဝင်များကြား ပြန်လည်ဆက်သွယ်မှုများ  ပြုလုပ်သည့်အခါ တွင်အဆိုပါထောင်ထားသော ရေမြှုပ်မိုင်းများကို ချက်ချင်းရှင်းထုတ်ရမည် ဖြစ်သည်။ 

ဤလေ့ကျင့်မှု   ပြုလုပ်နေစဉ်အတွင်း  အီရန်တပ်မတော်F-4  ဂျက်လေယာဉ်သည်   ရေတပ်ဖွဲ့ဝင်များကို ကူညီမည်ဖြစ်သည်။

(ပရက်စ်တီဗွီ)
 
No comments:

Post a Comment