Tuesday, December 30, 2014

ဒုတိယသမ္မတဦးဉာဏ်ထွန်း လွတ်လပ်ရေးနေ့ဗိုလ်ရှုခံအခမ်းအနား အကြိုလေ့ကျင့်နေမှု ကြည့်ရှု


Myanmaalinn's photo.
 
 
နေပြည်တော် ဒီဇင်ဘာ ၂၉

ဗိုလ်ရှုခံအခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးÓဏ်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံမဏ္ဍပ်၌ ၂ဝ၁၅ခုနှစ် (၆၇)နှစ် မြောက် လွတ်လပ်ရေးနေ့ဗိုလ်ရှုခံအခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အကြိုလေ့ကျင့်နေမှုနှင့် အခမ်း အနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နံနက် ၇နာရီတွင် ၂ဝ၁၅ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ် ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကျင်းပမည့် ဗိုလ်ရှုခံမဏ္ဍပ် သို့ရောက်ရှိပြီး အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကြိုဆိုနေရာချထား ရေးနှင့် ဧည့်ခံရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လုံခြုံရေးနှင့် သတင်းထုတ်ပြန်ရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကော်မတီအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် ၂ဝ၁၅ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား အစီ အစဉ်များဖြစ်သည့် အလံကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်း တပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ ယန္တရားတပ်ဖွဲ့များ စုရပ်ကွင်းသို့ ချီတက်နေရာယူခြင်း၊ နိုင်ငံတော်သမ္မတအား အလေးပြုခြင်းနှင့် တပ်စစ်ဆေးခံခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား အလေးပြုခြင်းနှင့် အောက်မေ့သတိရသော အားဖြင့် နှစ်မိနစ်ငြိမ်သက် ဂါရဝပြုခြင်း၊ နိုင်ငံတော်သမ္မတ၏ (၆၇)နှစ် မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း နာယူခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုခြင်း၊ နိုင်ငံတော်သမ္မတအား စစ်ကြောင်း ပုံဖြင့် ချီတက်အလေးပြုခြင်း၊ တပ်မတော်လေတပ် လေယာဉ် များ ပုံဖွဲ့ချီတက်အလေးပြုခြင်းတို့ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ သည်။

၂ဝ၁၅ ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်း အနားသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အလံကိုင်တပ်ဖွဲ့များ၊ စစ်တီး ဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလံ ကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့ များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့မှ အလံကိုင် တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကင်းထောက်လူငယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့မှ ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့များ၊ အမြောက်နှင့် သံချပ်ကာယန္တရားစစ်ကြောင်းများ ပါဝင်ချီတက်အလေးပြုကြမည်ဖြစ်ပြီး စုစုပေါင်း အင်အား ၇၁၂၈ ဦး ရှိကြောင်း သိရသည်။

ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ မဆုတ်မနစ် ကြိုးပမ်းမှု များကြောင့် ရရှိခဲ့သည့် လွတ်လပ် ရေးကြီး တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေ ရန်သည် ပြည်ထောင်စုသားအားလုံး ၏ တာဝန်ဖြစ်သည်နှင့်အညီ မမေ့ မလျော့ ဆောင်ရွက်ရန် သတိပေး နှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့ တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပွဲများကို ဆင်ယင်ကျင်းပခြင်း ဖြစ်သည်။
(သတင်းစဉ်)
(5 photos)

No comments:

Post a Comment