Monday, December 1, 2014

ကြို့ကုန်းကားမှတ်တိုင်အနီး ဆူဇူကီးယာဉ် ဘက်ထရီဝါယာရှော့ဖြစ်ကာ မီးလောင်

Photo: ကြို့ကုန်းကားမှတ်တိုင်အနီး ဆူဇူကီးယာဉ် ဘက်ထရီဝါယာရှော့ဖြစ်ကာ မီးလောင်

ရန်ကုန်    နိုဝင်ဘာ   ၃ဝ

အင်းစိန်မြို့နယ် ရန်ကုန်-အင်းစိန်ကားလမ်းမကြီးရှိ ကြို့ကုန်းကားမှတ်တိုင်အနီးတွင် နိုဝင်ဘာ၂၉ ရက် ညနေ ပိုင်းက ဆူဇူကီးဒိုင်နာယာဉ်တစ်စီး ဘက်ထရီဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် ရန်ကုန်-အင်းစိန် ကားလမ်းမကြီးပေါ်ရှိ ကြို့ကုန်းကားမှတ်တိုင်အနီးတွင် နိုဝင်ဘာ ၂၉ ရက် ညနေ ၅ နာရီ ၅ မိနစ်က ဆူဇူကီးဒိုင် နာယာဉ်မှာ ရန်ကုန်ဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာစဉ် ယာဉ်အတွင်းရှိ ဘက်ထရီဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်အတွင်းသယ်ယူလာသည့် ဒီဇယ်ဆီပုံးများအရှိန်ကြောင့် ယာဉ်တစ်စီးလုံးမီးကူးစက်လောင်ခဲ့ခြင်းဖြစ်သည်။   မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ယာဉ်နှစ်စီး ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁ဝ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ပတ်ဝန်းကျင်ရှိပြည်သူတစ်ဦးက ''ယာဉ်မောင်းက ဖြစ်ဖြစ်ချင်း မီးလောင်တဲ့နေရာကို လမ်းဘေးက သဲတွေ နဲ့ပက်နေတာတွေ့ရပါတယ်။ လောင်နေတဲ့အချိန်မှာ ဆီပုံးတွေ အမြန်ရွှေ့နေတာ တွေ့ရပါတယ်''ဟု ပြောသည်။

ညီညီ(သမိုင်း)

No comments:

Post a Comment