Monday, December 1, 2014

ခရီးရှည်ဝှီးချဲစွမ်းရည်ပြသသူ မသန်စွမ်းအားကစားသမားများ ကူမဲမြို့သို့ ရောက်ရှိ

Photo: ခရီးရှည်ဝှီးချဲစွမ်းရည်ပြသသူ 
မသန်စွမ်းအားကစားသမားများ ကူမဲမြို့သို့ ရောက်ရှိ

မန္တလေး     နိုဝင်ဘာ    ၃ဝ

ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ကို ဂုဏ်ပြု၍ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)နှင့် ရန်ကုန် မျက်မမြင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် ရန်ကုန်-မန္တလေး ခရီးရှည်မသန် စွမ်းသူများ၏ ဝှီးချဲစွမ်းရည်ပြသရန် နိုဝင်ဘာ ၃ဝ ရက် နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့သို့ ရောက်ရှိလာရာ ဒေသခံပြည်သူများက ကြိုဆိုကြသည်။

မသန်စွမ်းအားကစားအဖွဲ့သည် ဒီဇင်ဘာ ၁ ရက်၌ ကျောက်ဆည်မြို့တွင်  ညအိပ်ရပ်နားကာ ဒီဇင်ဘာ ၂ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ညပိုင်းတွင် ချမ်းအေးသာစံမြို့နယ် (၆၈)လမ်း ရွှေမင်းသား ဖောင်ဒေးရှင်းတွင် မျက်မမြင်နှင့် မသန်စွမ်းလူငယ်တေးဂီတအဖွဲ့က ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment