Monday, December 1, 2014

လေးနှစ်ကြာပျောက်ဆုံးနေသော ကလေးငယ် အသက်ရှင်လျက်ပြန်တွေ့


 

အတ္တလန်တာ နိုဝင်ဘာ ၃ဝ

လေးနှစ်ကြာပျောက်ဆုံးနေသော အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးအား အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ အတ္တလန်တာမြို့၌ရှိသော အိမ်တစ်အိမ်၏ နံရံအနောက်တွင် ရဲအရာရှိများက ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးငယ်က သူဘယ်နေရာတွင် ပုန်းအောင်းနေသည်ကို မိဘများထံ အကြောင်းကြားခဲ့သော်လည်း မိဘများကရဲတပ်ဖွဲ့သို့ အသိပေးရန်ကြန့်ကြာနေ ခဲ့သည်။ ရဲအရာရှိများက ကလေးငယ်အားသွားရောက်ခေါ်ဆောင်လာကာ မိဘများထံပို့ဆောင်ပေးခဲ့သည်။ သူ၏မိဘများကို ကလေးငယ်အပေါ် အကြင်နာတရား ခေါင်းပါးခြင်းတို့ကြောင့် ဖမ်းဆီးထားသည်။

ကလေးငယ်အား ပြန်လည်မတွေ့ရှိသေးသည့် ရက်အနည်းငယ်က ရဲအရာရှိများက ၎င်းတို့နေအိမ်သို့ သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ ဖခင်နှင့် မိထွေးတို့က ကလေးနှင့်ပတ်သက်ပြီး မည်သည့်အဖြေကိုမျှ ပြန်လည်ပြောကြား ခြင်းမရှိခဲ့ပေ။

ပျောက်ဆုံးနေစဉ်အတွင်း ကလေးငယ်ကို အိမ်နီးချင်းများက ဂိုဒေါင်ထဲတွင် ဆော့ကစားနေသည်ဟု ထင်မြင်ခဲ့ကြောင်းနှင့် အိမ်တွင်စာသင်နေရသည့် ကလေးဟုသာ ယူဆခဲ့ကြသည်။ ကလေးငယ်၏မိခင်သည် ကလေးပျောက်ဆုံး နေကြောင်းကို ကလေးများသက်သာချောင်ချိရေးအဖွဲ့ထံသို့ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားထားခြင်းမရှိခဲ့ကြောင်း သိရသည်။ ဘီဘီစီ။

No comments:

Post a Comment