Tuesday, December 2, 2014

အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ အမှတ်(၁ဝ၂) တပ်ရင်းကြီးအတွင်းရှိ တပ်သမိုင်းပြခန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုလေ့လာ

 Photo: အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ အမှတ်(၁ဝ၂) တပ်ရင်းကြီးအတွင်းရှိ တပ်သမိုင်းပြခန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုလေ့လာ
=====================================================

နေပြည်တော် ဒီဇင်ဘာ ၁

ဗီယက်နမ်နိုင်ငံသို့   ရောက်ရှိနေ သော ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီး General Phung Quang Thanh  အား  အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန   အစည်း အဝေးခန်းမ၌ သွားရောက်ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့  ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်းနှင့်အတူ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး  ဗိုလ်မှူးချုပ်  ညွန့်ဆွေ တက်ရောက်ပြီး   ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး General Phung Quang Thanh နှင့်အတူ ဗီယက်နမ်ပြည်သူ့တပ်မတော် ဒုတိယ စစ်ဦးစီးချုပ်  Lt. Gen. Nguyen Quoc Khanh၊ ဗီယက်နမ်ပြည်သူ့ တပ်မတော်  လေ့ကျင့်ရေးဌာနမှ အထွေထွေညွှန်ကြားရေးမှူး Lt. Gen. Nguyen Duc Than  နှင့် တာဝန်ရှိသူများ  တက်ရောက်ကြ သည်။

တွေ့ဆုံပွဲတွင်   ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး  General Phung Quang Thanh က အစည်းအဝေးတက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီး ချုပ်များအား  နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် အာဆီယံ နိုင်ငံများအတွင်း တပ်မတော်အချင်း ချင်း  ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်နားလည်ရေး၊ သတင်း ဖလှယ်ရေးနှင့်   လေ့ကျင့်ရေးများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ နှင့်   တစ်ခုတည်းသော   အာဆီယံ ရည်မှန်းချက်သို့ လျှောက်လှမ်းရာ၌ ဆောင်ရွက်ဖွယ်ရာ    တပ်မတော် အခန်းကဏ္ဍတို့အား ဆွေးနွေးသည်။ ၎င်းနောက်  ၂ဝ၁၅  ခုနှစ်အတွင်း အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် ထိုင်းဘုရင့်တပ်မတော်  ကြည်းတပ် ဦးစီးချုပ် Gen.Udomdej Sitabutr  က အာဆီယံနိုင်ငံ ကြည်းတပ်ဦးစီးချုပ် များကိုယ်စား   ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

တွေ့ဆုံပွဲအပြီးတွင်    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အာဆီယံ နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ သည် ဗီယက်နမ်နိုင်ငံကာကွယ်ရေး ဝန်ကြီး General Phung Quang Thanh နှင့် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင် များနှင့်အတူ    အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် အာဆီယံနိုင်ငံ များမှ  ကြည်းတပ်ဦးစီးချုပ်များနှင့် အတူ ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၅ဝ တွင် ဗီယက်နမ်နိုင်ငံ Son Tay ပြည်နယ်ရှိ အမှတ်(၁ဝ၂)တပ် ရင်းကြီးနှင့် အမှတ်(၃ဝ၈)တပ်မကြီး သို့သွားရောက်၍  ကြည့်ရှုလေ့လာ ကြသည်။

ရှေးဦးစွာ  အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် အမှတ် (၁ဝ၂)တပ်ရင်းကြီးကို ရောက်ရှိရာ တပ်ရင်းမှူးဖြစ်သူ Lt.Col.Dinh Van Dai က  ကြိုဆိုနှုတ်ဆက် သည်။ 

ထို့နောက် အမှတ်(၁ဝ၂)တပ်ရင်း ကြီးအတွင်းရှိ တပ်သမိုင်းပြခန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာကြရာ  တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသသည်။ 

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်    အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် အမှတ် (၃ဝ၈)တပ်မကြီးသို့    သွားရောက် လေ့လာကြရာ တပ်မကြီးမှူး Sr.Col.TRA. QUANG HOAI  နှင့် ဂုဏ်ပြု တပ်ဖွဲ့က  နိုင်ငံအလိုက်  ကြည်းတပ် ဦးစီးချုပ်များအား အလေးပြုကြိုဆို နှုတ်ဆက်သည်။ 

ယင်းနောက် အမှတ်(၃ဝ၈)တပ်မ ကြီးမှ တာဝန်ရှိသူများက တပ်မနှင့် ပတ်သက်သည့် အချက်အလက်များ အား ဗီဒီယိုမှတ်တမ်းဖြင့်လည်း ကောင်း၊ တပ်သမိုင်းပြတိုက်၌ တပ်မ ကြီး၏ သမိုင်းကြောင်းဆိုင်ရာ အချက် အလက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များသည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်များ ရေးထိုး ခဲ့ကြသည်။

ယင်းနောက်  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်း နွယ်တို့သည် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင်  ဟနွိုင်းမြို့ရှိ Melia Hotel ၌ ကျင်းပသော ဗီယက်နမ် ပြည်သူ့တပ်မတော်  ဒုတိယစစ်ဦးစီး ချုပ်  Lt.Gen. Nguyen Quoc Khanh  နှင့် ဇနီးတို့မှ တည်ခင်းဧည့်ခံ သော  ညစာစားပွဲသို့ တက်ရောက် သည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ 15th ASEAN Chiefs   of Army Multilateral  Meeting (ACAMM-15) အစည်းအဝေးသို့ တက်ရောက်သည့်   အာဆီယံနိုင်ငံ များမှ  ကြည်းတပ်ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ   ဗီယက်နမ်ပြည်သူ့ တပ်မတော်မှ ဒုတိယစစ်ဦးစီးအရာရှိ ချုပ် Lt.Gen.Nguyen Quoc Khan က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက်  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် ဇနီး၊ အာဆီယံ နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ဇနီးများသည် ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင် နေစဉ်အတွင်း ဗီယက်နမ်တပ်မတော် တေးဂီတအဖွဲ့မှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ညစာစားပွဲအပြီးတွင်   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့သည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီး ချုပ်များနှင့်ဇနီးများနှင့် လက်ဆောင် ပစ္စည်းများ  အပြန်အလှန်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။  
(မြဝတီ)
 
No comments:

Post a Comment