Tuesday, December 2, 2014

ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ယာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နေပြည်တော်သို့ ရောက်ရှိ

Photo: ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ယာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်     ဒီဇင်ဘာ    ၁

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နှင့် မိဖုရားဆွန်ယာဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့   နံနက် ၁ဝ နာရီ   မိနစ် ၄ဝ တွင်  နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။  

ဧည့်သည်တော်  ဟာရယ်ဘုရင်နှင့် မိဖုရားတို့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် ဇနီး၊  ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဇနီး၊ နော်ဝေနိုင်ငံဆိုင်ရာ   မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားမောင်မယ်များနှင့် ဂုဏ်ပြု တပ်ဖွဲ့ဝင်များက ဂုဏ်ပြုကြိုဆိုကြပြီး လေဆိပ်အထွက် လမ်းဘေးဝဲယာတွင် ကျောင်းသားကျောင်းသူလေးများက နှစ်နိုင်ငံ  အလံငယ်များ ဝှေ့ယမ်းဂုဏ်ပြုကြိုဆိုကြသည်။  (သတင်းစဉ်)

No comments:

Post a Comment