Monday, December 29, 2014

ရှေ့မှမောင်းနှင်နေသည့်ယာဉ်အား ၀င်ရောက်တိုက်မိ၍ ဒဏ်ရာရ

 Photo: ရှေ့မှမောင်းနှင်နေသည့်ယာဉ်အား ၀င်ရောက်တိုက်မိ၍ ဒဏ်ရာရ
===========================================

နေပြည်တော်  ဒီဇင်ဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၁၂၈/၂-၃)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ဒီဇင်ဘာ ၂၃ ရက်  ညနေ ၄ နာရီက ဗောဓိကုန်းအမြန်လမ်းရဲစခန်း မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့သည်။

နေပြည်တော်ဘက်မှ  ရန်ကုန် ဘက်သို့   ပဲခူးတိုင်းဒေသကြီး    ရေတာရှည်မြို့နယ်   မြို့လှမြို့နေ     တရုတ်နိုင်ငံသား   Mr.ZHT XIANG  (ခ)အားရှောင် (၂၃ နှစ်)မောင်းနှင်ပြီး မန္တလေးတိုင်းဒေသကြီး    မိုးကုတ်မြို့နေ  ရန်ခ (၃ဝ နှစ်) လိုက်ပါလာသော  8L/... TOWNACE  အဖြူရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ကာ  အရှိန် မထိန်းနိုင်ဘဲ ရှေ့မှ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့(၈)ရပ်ကွက်နေ သန်းနိုင် (၄၂ နှစ်)   မောင်းနှင်နေသည့် 1F/.... ဖူဆို ၁၂ ဘီးကျောက်သယ် ယာဉ်၏နောက်ပိုင်းကို  ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်မိမှုကြောင့် Mr.ZHT XIANG (ခ)အားရှောင်တွင် ဒဏ်ရာ များ ရရှိခဲ့သဖြင့် ဖြူးဆေးရုံသို့တင်ပို့ ကုသခဲ့ပြီး ၄င်းအားဗောဓိကုန်းအမြန် လမ်းရဲစခန်းက  အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။         
ကိုရဲ
 
No comments:

Post a Comment