Monday, December 29, 2014

ဂရိပင်လယ်ပြင်၌ သင်္ဘောမီးလောင်၊ ခရီးသည်ရာပေါင်းများစွာ ပိတ်မိ

 Photo: ဂရိပင်လယ်ပြင်၌ သင်္ဘောမီးလောင်၊ ခရီးသည်ရာပေါင်းများစွာ ပိတ်မိ
========================================

အေသင်  ဒီဇင်ဘာ  ၂၈

ဂရိနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က ကူးတို့သင်္ဘော မီးလောင်မှုဖြစ်ပွားရာ အဆိုပါသင်္ဘောအတွင်း၌ ခရီးသည် ရာပေါင်းများစွာ ပိတ်မိနေပြီး အနီးအနားရှိ သင်္ဘောများမှာလည်း အဆိုပါသင်္ဘောအား ကယ်တင်နိုင်ရန် ကြိုးစားစဉ် ပြင်းထန်သောမုန်တိုင်းနှင့်ကြုံတွေ့နေရသည်။

ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားရာတွင်     နော်မန်အတ္တ လန္တိတ်အမည်ရှိ  အဆိုပါသင်္ဘော တွင် ခရီးသည်  ၅ဝဝ  ခန့် လိုက်ပါ လာပြီး ၄င်းတို့အနက်မှ ခရီးသည် ၁၅ဝ ကို ကယ်တင်နိုင်ခဲ့သည်ဟု ဆို သည်။  သင်္ဘော၏ကုန်းပတ်၌  မီး လောင်မှုဖြစ်ပွားချိန်တွင်၎င်းသင်္ဘော က အချက်ပြခဲ့သည်ဟု ပြောသည်။

ပြင်းထန်သော  လေတိုက်ခတ် မှုနှင့် ကြမ်းတမ်းသော ပင်လယ်ပြင် တို့ကြောင့်    အခြားသင်္ဘောများ၏ ကယ်ဆယ်ရေးလုပ်ငန်းများ အချည်း အနှီးဖြစ်ခဲ့ရသည်။    မည်မျှထိခိုက် ပျက်စီးမှုရှိကြောင်းနှင့် ခရီးသည်များ ကို   ထိခိုက်မှုရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

 သင်္ဘောစီးခရီးသည်  တစ်ဦး ဂျော့ရှ်စာတိုင်လာရစ်က   ဂရိတီဗွီ သို့  ပြောကြားရာတွင်  သင်္ဘောမှာ  မီးလောင်နေဆဲဖြစ်ကြောင်း၊  သင်္ဘော ၏ခေါင်မိုးကို မီးလောင်ကျွမ်းပြီး မီးခိုး များကြောင့် ခရီးသည်များ အသက်ရှူ ရန် ခက်ခဲကြောင်း၊ ၄င်းအခြေအနေ မည်မျှကြာမြင့်မည်ကို     မသိနိုင် ကြောင်း  ပြောကြားသည်။

သင်္ဘောဝန်ကြီး မာတီဒတ်ဗာဗီ အီအိုတစ်က    ပြောကြားရာတွင်  ဆိုးရွားသော   ရာသီဥတုအခြေအနေ နှင့်   လေတိုက်နှုန်းတစ်နာရီလျှင် ၅၅ မိုင်  ရှိသောကြောင့်   အဆိုပါ မီးလောင်မှုအား    ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ရှုပ်ထွေး မှုများရှိသည်ဟု ပြောကြားခဲ့သည်။

''ကျွန်တော်တို့အနေနဲ့ကတော့ သင်္ဘောပေါ်ရှိ        လူအားလုံး တစ်ယောက်မကျန် ကယ်တင်မှာဖြစ် ပြီး ဘယ်သူ့ကိုမှ အကူအညီမဲ့တဲ့ အနေအထားမျိုး မရောက်အောင် လုပ်ဆောင်မှာပါ''ဟု     ၄င်းက  သတင်းထောက်များကို ပြောကြားခဲ့ သည်။                    
(ရိုက်တာ)
ဘာသာပြန်-စိုးသူရ
 
အသင် ဒီဇင်ဘာ ၂၈

No comments:

Post a Comment