Monday, December 1, 2014

ဒေးဗစ်ဘက်ခမ်းတို့သားအဖ ယာဉ်တိုက်မှုဖြစ်

 

လန်ဒန် နိုဝင်ဘာ ၃ဝ

အင်္ဂလန်နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းနှင့် ၎င်း၏အကြီးဆုံးသား ဘရွတ်ကလင်း တို့သည် စနေနေ့က ယာဉ်တိုက်မှု တစ်ခုတွင် ပါဝင်ခဲ့ကြသည်ဟု ဒေသခံ သတင်းမီဒီယာများက ရေးသားဖော်ပြကြသည်။

ဘက်ခမ်းက အသက် (၁၅)နှစ်ရှိ ဘရွတ်ကလင်းကို ဟတ်ဖို့ဒ်ရှိုင်းယားရှိ အာဆင်နယ်အသင်း၏ လေ့ကျင့်ရေး ကွင်းအပြင်ဘက် ဘောလုံးပြိုင်ပွဲတစ်ခုမှ ကြိုလာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုတွင် ၎င်းတို့ သားအဖ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ပေ။

ဘက်ခမ်း၏ အော်ဒီကားတွင်ပါရှိသည့် လေအိတ်များက ထိထိရောက်ရောက် အသုံးဝင်ခဲ့သော်လည်း ယာဉ် မောင်းသူဘက်ခြမ်းတွင် ပျက်စီးသွား ခဲ့သည်။

မန်ယူနှင့် ရီးယဲယ်မက်ဒရစ် ကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်း၏သားများဖြစ်သည့် ဘရွတ်ကလင်း၊ ရိုမီယို (၁၂)နှစ်နှင့် ခရုဇ် ကိုးနှစ်တို့သည် အာဆင်နယ်လူငယ်အသင်းများတွင် ကစားလျက်ရှိသည်။ ဆင်ဟွာ။

No comments:

Post a Comment