Tuesday, December 2, 2014

မွန်ပြည်နယ်မှ အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

Photo: မွန်ပြည်နယ်မှ အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မော်လမြိုင်  ဒီဇင်ဘာ   ၁

၂ဝ၁၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့    ဝန်ကြီးချုပ် ဖလား   အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော မွန်ပြည်နယ်မှ အားကစားသမားများအား   မွန် ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင် များက ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကို  နိုဝင်ဘာ   ၃ဝ ရက်  နံနက် ၉ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌   ကျင်းပခဲ့သည်။ 

အခမ်းအနားတွင်  အားကစား ပြိုင်ပွဲများ၌ တံခွန်စိုက်၊   ဒိုင်းဆုများ ရရှိအောင်  စွမ်းဆောင်ပေးခဲ့သော အားကစားသမားများအား    မွန် ပြည်နယ်ဝန်ကြီးချုပ်   ဦးအုန်းမြင့်၊   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ   ဦးကျင် ဖေနှင့်   ပြည်နယ်အစိုးရအဖွဲ့ဝင်   ဝန်ကြီးများက    ဆုများချီးမြှင့်ခဲ့ကြ သည်။ 

အားကစား   ပြိုင်ပွဲများတွင်     မွန်ပြည်နယ်မှ   အားကစားသမား များအနေဖြင့် ရွှေ ၂၄ ခု၊   ငွေ   ၁၉ ခု၊  ကြေး  ၂၅ ခု   ဆွတ်ခူးရရှိခဲ့ သည်။        

 မောင်မေတ္တာ(ရွှေမြိုင်)

No comments:

Post a Comment