Tuesday, December 2, 2014

Bank of the Year in Myanmar 2014 ဆုကမ္ဘောဇဘဏ်ရရှိ

Photo: Bank of the Year in Myanmar 2014  ဆုကမ္ဘောဇဘဏ်ရရှိ
======================================

နေပြည်တော်  ဒီဇင်ဘာ   ၁

အင်္ဂလန်နိုင်ငံ  လန်ဒန်အခြေစိုက် Financial  Times  မှ  ပေးအပ်သည့် ၂ဝ၁၄ ခုနှစ်အတွက်  နိုင်ငံအလိုက် အကောင်းဆုံးဘဏ်ဆု ''The Banker Awards 2014  ''   ဆုချီးမြှင့်ပွဲအခမ်း အနားကို ၂ဝ၁၄ ခုနှစ်   နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ညနေ  ၆ နာရီခွဲတွင် အင်္ဂလန်နိုင်ငံ  လန်ဒန်မြို့ ရှိ  Intercontinental   Hotel- Ballroom ခန်းမ၌ကျင်းပရာ ၂ဝ၁၄ ခုနှစ်အတွက်  မြန်မာနိုင်ငံမှ  ဘဏ် လုပ်ငန်းဆိုင်ရာ    စွမ်းဆောင်မှု အကောင်းဆုံးဆု   '' Bank of the Year in Myanmar 2014 ''  ဆုကို မြန်မာနိုင်ငံမှ   ကမ္ဘောဇဘဏ်လီမိတက် ကို  ရွေးချယ်ချီးမြှင့်ခဲ့သည်။ ယင်းသို့ ၂ဝ၁၄ ခုနှစ်အတွက်  နိုင်ငံအလိုက်      ဘဏ်လုပ်ငန်းဆိုင်ရာ  စွမ်းဆောင်မှု အကောင်းဆုံးဆုများကို    အမေရိကန် နိုင်ငံမှ WELLS FARGO BANK ၊  အင်္ဂလန်နိုင်ငံမှ LLOYDS BAN- KING GROUP ၊ နယ်သာလန်နိုင်ငံမှ ING BANK၊ သြစတြေးလျနိုင်ငံမှ WEST    PAC    BANK၊   တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ   ICBC BANK ၊  တောင်ကိုရီးယားနိုင်ငံမှ HANA BANK ၊  စင်ကာပူနိုင်ငံမှ DBS BANK၊    မလေးရှားနိုင်ငံမှ  CIMB BANK၊     ထိုင်းနိုင်ငံမှ KRUNG THAI BANK၊ အိန္ဒိယ နိုင်ငံမှ AXIS   BANK ၊  တို့အပါ အဝင်  နိုင်ငံပေါင်း  ၁၄၉ နိုင်ငံ၏ သက်ဆိုင်ရာဘဏ်အဖွဲ့အစည်းများမှလည်း ယင်းဆုကို  အသီးသီးရရှိခဲ့ ကြသည်။ မြန်မာနိုင်ငံမှ  ကမ္ဘောဇ ဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကို ဝင်း၊ အမှုဆောင် ဒါရိုက်တာ ဒေါ်နန်း ခမ်းနောင့်၊  အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်၊  အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်ချောစုတို့  တက် ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအတွက်  '' Bank of the Year in Myanmar 2014  ''ဆုကို ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ  ဦးအောင်ကိုဝင်းက   တက် ရောက် လက်ခံရယူခဲ့ကြောင်း   သိရှိရ သည်။

Financial Times  က ကြေညာ ချက်ထုတ်ပြန်ရာ၌   နှစ်အလိုက် အကောင်းဆုံးဘဏ်ဆု    (Bank of the Year in Myanmar 2014) ဆုကို ရွေးချယ်ချီးမြှင့်ရာတွင်  ကမ္ဘာ အရပ်ရပ်ရှိ ဘဏ်လုပ်ငန်းများအတွက် ရည်ရွယ်ကာ သီးခြားဖွဲ့စည်းထားသော The Bankerမှ  ကမ္ဘာတစ်ဝန်းလုံး၌ ၄င်းတို့ဖြန့်ကြက်ထားသော သတင်း ထောက်များ၊   သတင်းဌာနများ၊ မီဒီယာများမှ  ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို စုစည်း လျက် သတ်မှတ်ထားသော  စံချိန် စံညွှန်းများပေါ်အခြေခံ၍   ရွေးချယ် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း   ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်ကို   ချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍   ကမ္ဘောဇဘဏ်လီမိတက် ၏ဘဏ်လုပ်ငန်းဆိုင်ရာများ တိုးတက် ဆောင်ရွက်နိုင်မှု၊ ဘဏ်ခွဲများ၊ATM စက်များ နိုင်ငံအနှံ့အပြား၌ တိုးတက် ဖွင့်လှစ်နိုင်မှု၊   ဈေးကွက်တိုးတက် ပိုင်ဆိုင်မှု၊   စီးပွားရေးလုပ်ငန်းများ အတွက် ငွေကြေးအများဆုံး တိုးတက် ထုတ်ချေးနိုင်မှု၊  ဝင်ငွေနှင့်အမြတ်    တိုးတက်ရရှိမှု၊ ဝန်ထမ်းများ လေ့ကျင့် ပျိုးထောင်မှုနှင့် စီမံအုပ်ချုပ်မှုစွမ်းရည်   တိုးတက်ကောင်းမွန်မှု၊  နိုင်ငံတကာ ဘဏ်များနှင့်  ချိတ်ဆက်ဆောင်ရွက် နိုင်မှုစသည်တို့ကို  အခြေခံ၍   စိစစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း     ဖော်ပြ ထားသည်။ 

ကမ္ဘောဇဘဏ်လီမိတက် သည် ယမန်နှစ်ကလည်း  Financial Times  က ပေးအပ်သည့် Bank of the Year in Myanmar 2013ဆု ကို ရရှိခဲ့ပြီး  ယခုနှစ်အတွက်  ထပ်မံ ၍ ရွေးချယ်ခံရသည့်အတွက်    ဤဆု ကို    နှစ်နှစ်ဆက်တိုက်    ရရှိခြင်း ဖြစ်ကြောင်းသိရှိရပြီး     ကမ္ဘာလုံး ဆိုင်ရာ    စွမ်းဆောင်ရည်အကောင်း ဆုံး Global    Award     ဆုကို   တရုတ်ပြည်သူ့  သမ္မတနိုင်ငံ ICBC BANK   က    ရရှိခဲ့ကြောင်း   သိရ သည်။   
             
 (သတင်းစဉ်)

No comments:

Post a Comment