Tuesday, December 2, 2014

နှစ်စဉ်ရသုံးမှန်းခြေရေးဆွဲဆောင်ရွက်ခြင်းအပေါ် စိစစ်သုံးသပ်ရမည့်လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Photo: နှစ်စဉ်ရသုံးမှန်းခြေရေးဆွဲဆောင်ရွက်ခြင်းအပေါ် စိစစ်သုံးသပ်ရမည့်လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
=============================================

နေပြည်တော် ဒီဇင်ဘာ ၁

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီနှင့် ကမ္ဘာ့ ဘဏ်တို့၏ နှစ်စဉ်ရသုံးမှန်းခြေ ရေးဆွဲ ဆောင်ရွက်ခြင်းအပေါ် စိစစ်သုံးသပ် ရမည့်လုပ်ငန်းများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် လွှတ်တော်ရုံး ရုံးအမှတ်(၂ဝ) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အမှာစကား ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ဘဏ်မှ ပညာရှင် Robert Boothe က ပြည်သူ့အရင်း အမြစ်များ အသုံးချသည့်နေရာတွင် ထိထိရောက်ရောက် အသုံးချနိုင်ရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ခြင်းဖြစ် ပါကြောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီက ဆောင်ရွက်သည့်ကိစ္စများ လုပ်ကိုင်သည့်နေရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်အောင် ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ရပ်နားလိုက်ပြီး ဒီဇင်ဘာ ၄ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးပူးပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ ဦးသိန်းဝင်းနှင့် ကော်မတီဝင်များ၊ ကမ္ဘာ့ဘဏ်မှ ပညာရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment