Tuesday, December 30, 2014

လူရည်ချွန်စီမံကိန်း နှစ်(၅ဝ) ပြည့် ရွှေရတုကျင်းပ

Photo: လူရည်ချွန်စီမံကိန်း နှစ်(၅ဝ) ပြည့် ရွှေရတုကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၉

လူရည်ချွန်စီမံကိန်းနှစ် (၅ဝ)ပြည့် ရွှေရတုနှင့် ၂ဝ၁၄ ဘက်စုံပညာထူးချွန် ဆုပေးအပ်ပွဲ နံနက်ပိုင်းအစီအစဉ် ကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ ဆေးတက္ကသိုလ် (၁)၌  ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိ လူရည်ချွန်အဖွဲ့ဥက္ကဋ္ဌဒေါက်တာတင်မျိုး ဝင်းက ရွှေရတုဂုဏ်ပြုစကားပြောကြား ပြီး အဖွဲ့အကြံပေးဒေါက်တာမောင် မောင်အေးနှင့်ဒေါက်တာဖေသက်ခင် တို့က အမှတ်တရစကားပြောကြား ကြသည်။

ထို့နောက် လူရည်ချွန်အဖွဲ့အတွင်း ရေးမှူးက အဖွဲ့၏လုပ်ငန်းဆောင်ရွက် ချက်များနှင့် ဘဏ္ဍာရေးအကျဉ်းကို ရှင်းလင်းပြီးအလှူရှင်များက အလှူ ငွေများပေးအပ်သည်။
လူရည်ချွန်စီမံကိန်းကို  ၁၉၆၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက စတင်ဖော်ဆောင်ခဲ့ပြီး ယခုအခါတွင် အဖွဲ့ဝင်ပေါင်း  ၁၂ဝဝ ခန့်ရှိကာ အဖွဲ့၏ ဆောင်ပုဒ်မှာ ''နိုင်ငံ့အကျိုး ဆောင်ရွက်ဖို့ လူရည်ချွန်များစုစည်းစို့''ဟူ၍ဖြစ်သည်။  
       
(နေသစ်ဦး)

No comments:

Post a Comment