Monday, December 1, 2014

အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်အကြို တေးဂီတဖျော်ဖြေပွဲ ရွှေပြည်သာ၌ ကျင်းပ

Photo: အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်အကြို တေးဂီတဖျော်ဖြေပွဲ ရွှေပြည်သာ၌ ကျင်းပ

ရန်ကုန်      နိုဝင်ဘာ      ၃ဝ

ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်အကြိုလှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ တီးခတ်ဖျော်ဖြေသော တေးဂီတပွဲကို နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီက ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းဝင်းအတွင်းရှိ ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို လုပ်ငန်းဆောင်ရွက်မှု ဒါရိုက်တာ ဦးအောင်ကိုမြင့်၏ ဦးဆောင်မှုဖြင့် MILI MUSIC BAND မှ တီးခတ်ပေးခဲ့ပြီး မသန်စွမ်းအနုပညာရှင်များ၏ လှပသောတေးသွားများကို ည ၁ဝ နာရီအထိ ခံစားနားဆင်ခွင့်ရခဲ့ကြသည်။ ပရိသတ် ၃ဝဝ ခန့် တက်ရောက်ခဲ့ပြီး အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီက ဆုငွေများ၊ ပန်းကုံးများချီးမြှင့်ခဲ့ကြသည်။ ဆုရငွေ၊ ပန်းကုံးများ၊ တေးစီးရီးအခွေနှင့် မဂ္ဂဇင်းများရောင်းချရငွေ ၂၅ သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။  ကိုမိုး(ရွှေပြည်သာ)

No comments:

Post a Comment