Wednesday, December 31, 2014

လျှပ်စစ်မီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အောင်မြင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

Photo: လျှပ်စစ်မီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်
လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အောင်မြင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် 

နေပြည်တော်  ဒီဇင်ဘာ   ၃ဝ

လက်ရှိ  နည်းပညာခေတ်တွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ကွန်ပျူ တာများ လှူဒါန်းခြင်းသည် တစ်ဦးချင်း တိုးတက်မှု၊  ဒေသဖွံ့ဖြိုးတိုးတက်မှုမှ သည်   နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေချင်သည့် စေတနာဖြင့်ဖြစ်ကြောင်း၊  ဒေသခံ များအနေဖြင့်လည်း  အစဉ်အလာ ကောင်းများကို ထိန်းသိမ်း၍ တိုင်းပြည် ဂုဏ်ဆောင်နိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်းဖြင့်             တပ်မတော်ကာကွယ်ရေးဦးစီးချုပ်               ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထားဝယ်မြို့ မြို့တော်ခန်းမ၌  ယနေ့ နံနက်ပိုင်းတွင်ကျင်းပသည့်  ကွန်ပျူတာ နှင့် ကျောင်းသုံးစာအုပ်များပေးအပ် လှူဒါန်းခြင်းအခမ်းအနား အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး   ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ   တပ်မတော်အရာရှိကြီးများ၊          ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ခင်မောင်ဌေး၊         တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူ ရှင်များနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
 
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က   လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားရာတွင် ထားဝယ်ဒေသအပါအဝင် တနင်္သာရီ တိုင်းဒေသကြီးသည်  လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသည့် သမိုင်းအစဉ်အလာရှိခဲ့ပါကြောင်း၊ အတိတ်သမိုင်းတွင် ခေတ်မီနည်းပညာ၊ အတတ်ပညာများပြည့်စုံစွာမရှိခဲ့၍ ကိုလိုနီဘဝ  ကျရောက်ခဲ့ရကြောင်း၊ လွတ်လပ်ရေးရရှိရေးအတွက် ခေတ်မီ တပ်မတော်တစ်ရပ်ဖွဲ့စည်းရန် ဗိုလ်ချုပ် အောင်ဆန်း   ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်သည်  ဂျပန်နိုင်ငံသို့ ပြည်ပသို့ထွက်ခွာပြီး စစ်ပညာများ သင်ကြားခဲ့ကြောင်း၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗမာ့လွတ်လပ် ရေးတပ်မတော်BIA ကို ထိုင်းနိုင်ငံ၌ ဖွဲ့စည်းပြီး ထားဝယ်စစ်ကြောင်းအပါ အဝင် စစ်ကြောင်းကြီးသုံးကြောင်းဖြင့် မြန်မာပြည်တွင်းသို့ စတင်ဝင်ရောက်ခဲ့ ကြောင်း၊ ထိုအချိန် ဗိုလ်မှူးကြီး ဗထူး အပါအဝင် ဒေသခံလူငယ်လူရွယ်များ သည်လည်း မျိုးချစ်စိတ်အပြည့်ဖြင့် တက်ြ<ွကစွာပါဝင်ခဲ့ကြသဖြင့် မြန်မာ ပြည်သိမ်းစစ်ဆင်ရေးအတွက် အစပျိုး ခဲ့သည်ဟု ဆိုနိုင်ကြောင်း၊ ယင်းအစဉ် အလာနှင့်အညီ   ထားဝယ်ဒေသမှ ဝန်ကြီးချုပ် ဦးဘဆွေ၊ ဝန်ကြီးချုပ်       ဦးစိန်ဝင်း  (ဗိုလ်မှူးချုပ်စိန်ဝင်း)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီးကြည်မင်း၊ သူရဲကောင်း များဖြစ်သည့် ဗိုလ်မှူးကြီးဗထူး၊ သူရ မချစ်ပို၊ ပညာရှင်ကြီးများဖြစ်ကြသော ပန်းချီဆရာကြီး  ဦးငွေကိုင်၊  ပန်းပု ဆရာကြီး ဦးဟန်တင် စသည့် ထင်ရှား သည့်  ပုဂ္ဂိုလ်များစွာ  ပေါ်ထွက်ခဲ့ ကြောင်း၊  ယင်းသို့  ရှေ့မှ ဦးဆောင် လမ်းပြခဲ့ကြသည့်အတိုင်း   ယနေ့ မျိုးဆက်သစ်လူငယ်များအနေဖြင့် လည်း ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုး ရေးတို့အတွက်   လက်ဆင့်ကမ်း       ထမ်းဆောင်ရမည့် တာဝန်ရှိပါကြောင်း၊ ယခင်ကသွားလာမှုလွန်စွာခက်ခဲသည့် ဒေသဖြစ်ခဲ့သော်လည်း ယခုအခါ ရန်ကုန်မှ      ကော့သောင်းအထိ မော်တော်ကားဖြင့် သွားလာနိုင်ပြီဖြစ် ကြောင်း၊ လေကြောင်းသယ်ယူပို့ဆောင် ရေးအနေဖြင့်လည်း ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့များတွင် ဂျက်လေယာဉ်များ ဆင်းသက်နိုင်ပြီဖြစ် ကြောင်း၊  တိုင်းဒေသကြီးအတွင်း         ကွန်ပျူတာ၊ နည်းပညာနှင့် ပညာရေး တက္ကသိုလ်များ ဖွင့်လှစ်ထားရှိပြီးဖြစ် ကြောင်း၊ ယင်းအခြေခံအဆောက်အအုံ များကို အကျိုးရှိစွာ အသုံးချရန် လိုအပ်ကြောင်း၊  လျှပ်စစ်မီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိ မဖြစ် လိုအပ်သောကြောင့် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများ အောင်မြင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ လက်ရှိ နိုင်ငံတော် တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ (၃)နှစ်ကျော်  ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာသောရပ်တည်ချက်ဖြင့်  ပါဝင် လျှောက်လှမ်းလျက်ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုသည် လွန်စွာ အရေးကြီးပြီး ဥပဒေနှင့်အညီ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြုမူကျင့်ကြံ နေထိုင်ခြင်းဖြင့် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုကို ရရှိနိုင်မှာဖြစ် ကြောင်း၊ အလားတူ မိသားစုတစ်စု ကဲ့သို့ စည်းလုံးညီညွတ်မှုရှိရန်လည်း  လိုကြောင်း၊  မိမိဒေသတွင်းမှစ၍ တစ်နိုင်ငံလုံး  စုစည်းညီညွတ်မှသာ   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ် ကြောင်း၊  ဒေသခံများအချင်းချင်း စည်းလုံးညီညွတ်မှု၊ နားလည်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တနင်္သာရီ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုကို မုချ ဧကန်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်      ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်က   တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင် များကိုယ်စား ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ ဗလာစာအုပ်များ ပေးအပ် လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက လက်ခံရယူ သည်။ 

ဆက်လက်၍ အလှူရှင်ဒေါက်တာထွန်းမင်းလတ်နှင့် ကျန်အလှူရှင်များ ကိုယ်စား  ကမ္ဘောဇဘဏ်ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်ဖြူမာအောင်တို့က ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူသည်။ 

ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ 
ယနေ့ပြုလုပ်သည့် အခမ်းအနား သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ အခြေခံပညာကျောင်းများအတွက် ပညာရည်မြှင့်တင်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ် များအား ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များမှ ကွန်ပျူတာအလုံး ၂ဝ၊ ဒေါက်တာ နိုင်ထွဋ်အောင်မိသားစုမှ ကျောင်းသုံး ဗလာစာအုပ်  ဒါဇင်  ၃ဝဝဝ  နှင့် ကွန်ပျူတာအလုံး ၂ဝ၊ ဒေါက်တာ ထွန်းမင်းလတ်မိသားစုမှ ကွန်ပျူတာ အလုံး ၅ဝ၊ ကမ္ဘောဇဘဏ်ကုမ္ပဏီ၊Max Myanmar  ကုမ္ပဏီ၊  ထူးကုမ္ပဏီ၊ ချမ်းဟိန်းကုမ္ပဏီ၊ ဦးချစ်ခိုင်မိသားစု၊ ဦးအောင်မျိုးမင်းဒင်    မိသားစု၊ ဦးနေအောင်မိသားစု၊ ဦးကျော်စိန် မိသားစုနှင့် ဦးစိုင်းတစ်အောင်မိသားစု တို့က ကွန်ပျူတာအလုံး ၂ဝ စီအား လည်းကောင်း၊ အေးရှားဝေါကုမ္ပဏီ၊ ဦးလှမျိုးမိသားစုနှင့်  ဦးမောင်နိုင် မိသားစုတို့က ကွန်ပျူတာ ၁ဝ လုံးစီအား လည်းကောင်း စုစုပေါင်း ကွန်ပျူတာ အလုံး ၃ဝဝ နှင့် ကျောင်းသုံးဗလာ စာအုပ် ဒါဇင် ၃ဝဝဝ တို့အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ် မြို့ ဇေယျဝတီကျောင်းတိုက်သို့ ရောက် ရှိပြီး ဇေယျဝတီကျောင်းတိုက် ပဓာန နာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တအရိန္ဒမ အား ဖူးမြော်ကြည်ညို၍ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ   ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ 

(မြဝတီ)

No comments:

Post a Comment