Tuesday, December 2, 2014

ရီးယဲလ်တိုက်စစ်မှူး ဟာနန်ဒက်ဇ်အားခေါ်ယူရန် အာဆင်နယ်နှင့်စပါး အပြိုင်စောင့်ကြည့်နေ

Photo: ရီးယဲလ်တိုက်စစ်မှူး ဟာနန်ဒက်ဇ်အားခေါ်ယူရန် အာဆင်နယ်နှင့်စပါး အပြိုင်စောင့်ကြည့်နေ
===============================================

အင်္ဂလန်ထိပ်သီးကလပ်အသင်းများဖြစ်ကြသည့် အာဆင်နယ်နှင့် စပါး အသင်းတို့သည်  လာမည့်ဇန်နဝါရီကာလအတွင်း  အသင်း၏တိုက်စစ်ကို အားဖြည့်ရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်း၏ မက္ကဆီကိုတိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒက်ဇ်အားခေါ်ယူရန်  အပြိုင်စောင့်ကြည့်နေကြောင်း သိရ သည်။ အာဆင်နယ်အသင်းမှာ လာမည့်ဇန်နဝါရီကာလအတွင်း ကစားသမား သစ်များကို မဖြစ်မနေခေါ်ယူအားဖြည့်သွားရန် စီစဉ်နေပြီး ရီးယဲလ်မက်ဒရစ် အသင်းတွင် ပုံမှန်နေရာပျောက်ဆုံးနေသည့် ဟာနန်ဒက်ဇ်အား စိတ်ဝင်စား လာခြင်းဖြစ်သည်။ ထို့ပြင် စပါးအသင်းမှာလည်း အသင်း၏ အားနည်းနေသည့် တိုက်စစ်ပိုင်းကို အားဖြည့်ရန်ပြင်ဆင်နေပြီး  ပြောင်းရွှေ့ကြေး အနည်းငယ် ခန့်သာ ပေးချေရဖွယ်ရှိသည့် ဟာနန်ဒက်ဇ်အား ပစ်မှတ်ထားလာခဲ့ခြင်းလည်း ဖြစ်သည်။ ဟာနန်ဒက်ဇ်မှာ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလက မန်ယူအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့်  ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းတွင်  ခြောက်ပွဲသာ  ပါဝင်ကစားခွင့်ရရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဟာနန်ဒက်ဇ်မှာ  လာမည့်ဇန်နဝါရီကာလအတွင်း ရီးယဲလ်အသင်းမှထွက်ခွာ၍ ပုံမှန်နေရာရရှိမည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်နေပြီး လက်ရှိအချိန်တွင် ၎င်းအား အာဆင်နယ်၊ စပါး စသည့်အသင်းများအပြင် ဂျူဗင်တပ်၊ အင်တာ မီလန် စသည့်အသင်းများကလည်း စိတ်ဝင်စားနေကြောင်ါးသေူ.ခသာ က ဖော်ပြခဲ့သည်။ 

အာဆင်နယ်နှင့် စပါးအသင်းတို့မှာ ဟာနန်ဒက်ဇ်အား အခြားအသင်းများ ထက် ကြိုတင်လက်ဦးမှုရယူကာ ကမ်းလှမ်းသွားရန် ပြင်ဆင်နေပြီး ၎င်းအတွက် ပေါင် ၁၅ သန်းခန့် အသုံးပြုသွားရန်အသင့်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။      (ကိုရဲ)
 
No comments:

Post a Comment