Monday, December 29, 2014

နိုင်ငံတကာခရီးသွားများကို ရေလမ်းခရီးအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးနေ

Photo: နိုင်ငံတကာခရီးသွားများကို ရေလမ်းခရီးအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးနေ

မန္တလေး   ဒီဇင်ဘာ  ၂၈

၂ဝ၁၄ ခုနှစ်သည်  မြန်မာနိုင်ငံသို့  နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံး ဝင်ရောက်သည့်နှစ်ဟု ညွှန်းဆိုထားသည်။ မြန်မာနိုင်ငံတွင်နိုင်ငံတကာခရီးသည်အများဆုံး ဝင် ရောက်သောလကို  ဘာလေးဘာဟု သတ်မှတ်ထားသည်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများပင်ဖြစ်သည်။  မြန်မာနိုင်ငံ ရောက် ခရီးသွားဧည့်သည်များသည် ကုန်းလမ်း၊ ရေလမ်းများဖြင့်သွားရောက် လည်ပတ်လျက်ရှိသည်။  ထိုထဲတွင် ရေလမ်းခရီးကို အထူးစိတ်ဝင်စားကြ သည်။ 

ခရီးသွားဝန်ဆောင်မှုလုပ်ငန်း များဖြင့်ချိတ်ဆက်ကာ   သင်္ဘော တစ်စင်းလုံး အပြတ်ငှားရမ်းအသုံးပြုသူ များလည်းရှိသည်။   နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက်  မရမ်း ခြံဆိပ်နှင့်၊    အခြားဆိပ်ကမ်းများမှ
ဝန်ဆောင်မှုကောင်းများဖြင့် ပြေးဆွဲလျက်ရှိသည်။

ထိုအထဲတွင်7MGRG Express လည်း ပါဝင်သည်။ နိုင်ငံတကာခရီးသွား များအတွက် မန္တလေး-ပုဂံ၊မန္တလေး-မင်းကွန်း၊ မန္တလေး-ဗန်းမော်ခရီးစဉ်များ ပြေးဆွဲပေး လျက်ရှိသည်။ မန္တလေး-ပုဂံ ခရီးစဉ်တွင် နံနက် ၆ နာရီခွဲတွင် စစ်ဆေးမှုပြုလုပ်ပြီး စတင်ထွက်ခွာကာ  ညနေ ၅ နာရီခွဲတွင် ရောက်ရှိကြောင်း သိရသည်။ပြည်တွင်းခရီးသည်များအတွက် ငွေကျပ် ၂၅ဝဝဝ ပေးဆောင်ရပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များမှာ  ၄၅ ဒေါ်လာပေးဆောင်ရသည်။ လမ်းခရီးတွင် ဧရာဝတီ၏အလှရှုခင်းများ၊ ဧရာဝတီမြစ်ကမ်းဘေးမှ မြန်မာတို့၏ရိုးရာဓလေ့ သဘာဝများကို လေ့လာရခြင်းကို အထူးစိတ်ဝင်စားကြသည်။ခရီးသည်များအတွက် နံနက်စာ၊ နေ့လယ်စာ၊ ကော်ဖီ၊  ရေတို့ဖြင့်   အကောင်းဆုံးဝန်ဆောင်မှုပေး ကြောင်း သိရသည်။  မင်းကွန်း-ပုဂံခရီးစဉ်အတွက်  ၇၄ ဦးဆံ့  သင်္ဘောကို အသုံးပြုပြီး မန္တလေး-မင်းကွန်း ခရီးစဉ်အတွက်  ၂၅ ဦးဆံ့ ရေယာဉ်ကို အသုံးပြုကြောင်း သိရသည်။ မန္တလေး-မင်းကွန်း ခရီးစဉ်ကို တစ်နေ့နှစ်ကြိမ် ပြေးဆွဲပေးပြီး မန္တလေးမှ နံနက် ၉ နာရီတွင် ထွက်ခွာကာ မင်းကွန်းမှ မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထွက်ခွာခြင်းဖြင့် အသွားအပြန်ဝန်ဆောင်မှုပေးသည်။

ညနေပိုင်းတွင်မန္တလေးမှ မွန်းလွဲ၂ နာရီခွဲတွင် ထွက်ခွာကာ မင်းကွန်းမှ ညနေ ၅ နာရီခွဲတွင် ပြန်လည်ထွက်ခွာခြင်းဖြင့်   အသွားအပြန်ဝန်ဆောင်မှု ပေးထားသည်။ မန္တလေး-မင်းကွန်း ခရီးစဉ်အတွက် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှုန်းယူပြီး နိုင်ငံခြားသားခရီးသွားတစ်ဦးလျှင် ငွေကျပ် ၈ဝဝဝ နှုန်းယူကြောင်း သိရသည်။ယခုအခါတွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များ အဆင်ပြေစိတ်ချမ်းသာစေရေးအတွက်  7MGRG  Express မှ ဝန်ဆောင်မှု ကောင်းများဖြင့်  ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။       

(တိမ်တမန်)

No comments:

Post a Comment