Monday, December 29, 2014

လူမသန် အနုပညာစွမ်း

Photo: လူမသန် အနုပညာစွမ်း

ရန်ကုန်မြို့ထဲ လမ်းလျှောက်နေစဉ် မဟာဗန္ဓုလလမ်းမကြီးဘေး  ပလက် ဖောင်းပေါ်တွင် အသက်(၅ဝ) ဝန်းကျင် ရှိ  အမျိုးသားတစ်ဦး  ပန်းချီရေးဆွဲပြီး ရောင်းချနေမှုအား     လမ်းသွား လမ်းလာများက  ဝိုင်းအုံကြည့်နေကြ သည်ကို  တွေ့ရသည်။ 

 ကျွန်တော် လည်းစပ်စုကာ  ဝင်ငေးကြည့်မိသည်။ ပန်းချီကားများကို ရေးဆွဲသူကားလက် ဖြင့်  ပန်းချီရေးနေခြင်းမဟုတ်၊  ခြေ ထောက်ဖြင့်   ပန်းချီရေးသူဖြစ်နေ၏။  သူ့အား လူမသန်ပေမယ့် အနုပညာစွမ်း သူဟု  တင်စားလိုက်ပါရစေ။   ထိုကဲ့သို့ ပန်းချီရေးဆွဲနေသည်က  တွေ့မြင်ရသူ များအတွက် အထူးအဆန်းဖြစ်နေ၏။ စိတ်ဝင်စားဖွယ် သူ့လက်ရာပန်းချီကား များဖြစ်သည့် တော၊ တောင် သဘာဝ ရှုခင်းပုံများ၊    အိမ်ပုံပန်းချီကား၊ ဇီးကွက်ရုပ်များ၊ ကိန္ဒရီ ကိန္ဒရာ ပန်းချီ ကားများဖြင့် ဖြန့်ကြက်ရောင်းချနေ၏။ 

စကားစမြည်ပြော၊    မေးကြည့် တော့မှ   သူ့ဇာတိကား  ရန်ကုန်မှ မဟုတ်၊  တောင်ကြီးမှပြောင်းလာခဲ့ သည်ဟု  ပြော၏။   ၁၉၉၂ ခုနှစ်က ဖိလစ်ပိုင်သံအမတ်ကြီး တောင်ကြီးသို့ လည်ပတ်ရာမှ    သူ့အားတွေ့ခဲ့စဉ် ရန်ကုန်သို့ခေါ်ဆောင်ကာ   ပန်းချီ ပညာသင်ကြားရန်    ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းဘက်ရှိ  ပန်းချီ ဆရာကိုမြင့်လွင်နှင့်  ပန်းချီပညာကို သုံးနှစ်ကြာသင်ယူပြီးနောက် ယခုလို ဆီဆေးပန်းချီကားများ  ရေးဆွဲနိုင် ကြောင်း   သူကပြောပြ၏။  ယခင်က သူပန်းချီဆွဲလျှင်   ဘောင်ပန်းချီကား များရေးဆွဲခဲ့ပြီး  ထိုဘောင်ပန်းချီကား များရေးဆွဲခြင်းလုပ်ငန်းသည် ကုန်ကျ စရိတ် အရင်းအနှီးများသဖြင့် ယခုလို ကတ်ပြားပန်းချီကားများသာ  ရေး ဆွဲနေခြင်းဖြစ်ကြောင်း  ပြောပြသည်။ 

သူသည် တောင်ကြီးမြို့  ဘုရားဖြူ ဘက်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်း တွင်း   အခြေခံပညာမူလတန်းအောင် သည်အထိ ပညာသင်ယူခဲ့ပြီး ဝါသနာ ပါသည့်  ပန်းချီကို  အသက်မွေးဝမ်း ကျောင်းပြုသည်အထိ  ရွေးချယ်ခဲ့ပြီး ရပ်တည်နိုင်ရန်  ကြိုးပမ်းခဲ့ခြင်းဖြစ် သည်။    ရန်ကုန်ရောက်ပြီးနောက် ပန်းချီရေးဆွဲခြင်းဖြင့်  အသက်မွေးဝမ်း ကြောင်းပြုနေရင်း  သူအိမ်ထောင်ကျခဲ့ ပြီး ယခုသားနှစ်ဦးနှင့်  သမီးတစ်ဦး ထွန်းကားခဲ့သည်။ သားအကြီးဆုံးကား သူ့အလုပ်နှင့်သူဖြစ်ပြီး သူ့ဝင်ငွေနှင့် သူရပ်တည်နေပြီဟု  ပြော၏။  သား အလတ်က (၉)တန်း၊   သမီးငယ်က (၈)တန်း တက်နေသည်။

ပန်းချီကား  ရောင်းရငွေများဖြင့် သူ၏  အိမ်ရှင်မကို  နေ့စဉ်   ဈေးဖိုး လုံလောက်စွာပေးနိုင်ပြီး  သားသမီး များကိုလည်း ကျောင်းစရိတ်/ မုန့်ဖိုး များလည်းပေးနိုင်၏။   ပန်းချီကား ရောင်းရငွေများကတော့ ပုံမှန်မဟုတ်။ ပွဲဈေးခင်းများရှိမှသာ ပိုရောင်းချရပြီး သာမန်နေ့များတွင်  ပန်းချီကားငါး ကားကိုပင် တစ်နေကုန် ရောင်းရသည် ကို တွေ့ရ၏။   ပန်းချီကားဝယ်သူ တစ်ဦးက ပုံတူပန်းချီအပ်ရန်မေးသည့် အခါ ၁ဝ ရက်အတွင်း  လက်ခံဆွဲ ရေးပေးနိုင်ကြောင်း ပြော၏။ နယ်ဝေး ဘုရားဈေးပွဲများသို့လည်း သွားရောက် ကာ ရေးဆွဲရောင်းချလျှင် အိမ်မှလိုက် ပို့ပေးရ၏။ 

သူ၏ တစ်နေရာနှင့်  တစ်နေရာ ရွှေ့ပြောင်းသွားလာပုံကား  စိတ်ဝင် စားစရာ ကောင်းပြန်၏။  အငှားယာဉ် မစီး။ လိုင်းကားဖြင့်သာ သွားလာပြန် ၏။ မင်္ဂလာဒုံမြို့ရှိ သူ့နေအိမ်မှ ဝါယာ လက်သို့  ဆိုင်ကယ်ငှားစီးကာ ထိုမှ တစ်ဆင့်    ရန်ကုန်မြို့ထဲသို့ ၅၁ ဘတ်စ်ကားစီးပြီးလာရ၏။ မင်္ဂလာဒုံ မြို့နယ်တွင် ၁၉၉၅ ခုနှစ် နောက်ပိုင်း လက်ရှိသူနေထိုင်ရာ  အိမ်ကလေးကို စုဆောင်းငွေဖြင့်    ကိုယ်ပိုင်ဝယ်နိုင် ခဲ့သည်။ 

ယခုခေတ်   သာမန်လူများပင် အလုပ်အကိုင်     အဆင်ပြေနိုင်ရန် ကြိုးပမ်းရုန်းကန်နေရသည့်  အချိန် တွင် သူ့အနေဖြင့် လက်မသန်ပေမယ့် ခြေဖြင့်ပန်းချီရေးဆွဲကာ    အသက် မွေးဝမ်းကျောင်း    ပြုနေခြင်းကား ဘုရားပေးသည့်  အစွမ်းများပင်ဖြစ် နေသလို ၊    လူမစွမ်း နတ်မနေသည် မဟုတ်ဘဲ လူစွမ်းသဖြင့် နတ်မစရာ မလိုပင် ဖြစ်နေ၏။
 
လူတချို့သည်    အတတ်ပညာ တစ်ခုတည်းဖြင့်    အသက်မွေး ဝမ်းကျောင်းပြုရန်   အဆင်ပြေဖို့ ခက်ခဲလွန်းသည်ဟု ယူဆထားကြကာ တစ်မျိုးမက  လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ တည်ငြိမ်သော အလုပ် ဖြစ်ရန်အလုပ်နှင့်  အလုပ်လုပ်ကိုင်သူ နှစ်ဖက်စလုံးပေါ်   မူတည်နေ၏။ လူ့တချို့သည် အလုပ်နှစ်ခု၊ သုံးခုရှိမှ အဆင်ပြေကြသည်ကို    တွေ့ရ၏။ ထိုမျှမက ဘဝရပ်တည်နိုင်ရန် အလုပ် တစ်ခုမက     အလုပ်အမျိုးမျိုးဖြင့် ပြောင်းရွှေ့လုပ်ကိုင်သူများကို(Lead frog) ဟုခေါ်၏။ 

လက်မသန်ပေမယ့် ခြေဖြင့်ပန်းချီ ပညာကို   သင်ယူတတ်မြောက်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိနေသည့် ပန်းချီကိုတင့် တစ်ယောက် မိသားစု နှင့်ပြေလည်သည်ကို မြင်တွေ့ရသဖြင့် ဝမ်းသာဂုဏ်ယူမိကာ  အတုယူလေး စားစရာကောင်းလှသဖြင့်   မသန်ပေ မယ့် စွမ်းကြသူများကို အားပေးစကား တစ်ဆင့်    ပြောလိုက်ရပါသည်။ လူတော်လူကောင်းများသည် ပတ်ဝန်း ကျင်ရှိ လူ့စွမ်းအားအရင်းအမြစ်များ၊ သဘာဝအရင်းအမြစ်များကို အလေ အလွင့်မဖြစ်စေဘဲ  အသုံးဝင်အောင်၊ တန်ဖိုးရှိအောင် ဖန်တီးတတ်သည်ကို ဂရုပြုမိသည်။     ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်၌ လူ့စွမ်းအားကိုယ်စီ ပြည့်ဝစွာရှိကြသော   လူများသည် လည်း အံဝင်ခွင်ကျ  အလုပ်အကိုင် အခွင့်အလမ်းများရှိကြပြီး  ထိုအခွင့် အလမ်းများကို  ပိုင်နိုင်စွာအသုံးချ၍ ကိုယ်ပိုင်ဝင်ငွေကောင်းများဖြင့်  သမ္မာ အာဇီဝကျကျဖြင့် သာယာလှပသည့် ဘဝများ     ရပ်တည်ပိုင်ဆိုင်နိုင် ကြပါစေ။   ။ 

သန့်ဇင်ဝင်း

No comments:

Post a Comment