Tuesday, December 2, 2014

ဘရာဇီးတွင် စုံတွဲ ၂ဝဝဝ နီးပါး စုပေါင်းလက်ထပ်ပွဲ ကျင်းပ

Photo: ဘရာဇီးတွင် စုံတွဲ ၂ဝဝဝ နီးပါး စုပေါင်းလက်ထပ်ပွဲ ကျင်းပ

ရီယိုဒီဂျနေရိုး       ဒီဇင်ဘာ       ၁

ဘရာဇီးနိုင်ငံ  ရီယိုဒီဂျနေရိုးမြို့၏  အားကစားရုံတစ်ရုံအတွင်း၌  ဘရာဇီးနိုင်ငံသားစုံတွဲ  ၂ဝဝဝ  နီးပါးတို့ လက်ထပ်ပွဲကျင်းပခဲ့ကြရာ ၎င်းမြို့၏ သမိုင်းတွင် အကြီးမားဆုံးသော စုပေါင်းလက်ထပ်ပွဲဖြစ်ကြောင်း ယနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နှစ်စဉ်ကျင်းပသော ဤစုပေါင်းလက်ထပ်ပွဲသည် မင်္ဂလာလက်ထပ်ပွဲ ကုန်ကျစရိတ်မတတ်နိုင်သည့် ဝင်ငွေနည်းပါးသော စုံတွဲများကို ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်။ စုံတွဲများနှင့် ၎င်းတို့၏ ဧည့်သည်များအတွက် အထူးရထားများကို ရီယိုအာဏာပိုင်များက ကြိုတင်ငှားရမ်းပြေးဆွဲသည်။ မီရာကာနာဇင်ဟို အားကစားရုံ၌ ကျင်းပသော မင်္ဂလာပွဲအခမ်းအနားသို့ ခန့်မှန်းခြေဧည့်သည် ၁၂ဝဝဝ ခန့် တက်ရောက်ခဲ့သည်။ မိသားစုဝင်ငွေ ဒေါ်လာ တစ်လလျှင် ဒေါ်လာ ၁ဝဝဝ ထက်နည်းသော စုံတွဲများကိုသာလျှင် ပါဝင်လက်ထပ် ခွင့်ပြုသည်။ အခမ်းအနားကို တရားသူကြီးများက မေတ္တာဖြင့် အကူအညီပေးသည်။ ခရစ်ယာန်ဘုန်းတော်ကြီး ရှစ်ပါးက စုံတွဲများကို ကောင်းချီးပေးခဲ့သည်။ ဘီဘီစီ။

No comments:

Post a Comment