Tuesday, December 2, 2014

ပြန်ပေးဆွဲခံရသော ကိုလံဘီယာဗိုလ်ချုပ်ကြီး ပြန်လည်လွတ်မြောက်

Photo: ပြန်ပေးဆွဲခံရသော ကိုလံဘီယာဗိုလ်ချုပ်ကြီး ပြန်လည်လွတ်မြောက်

ဘိုဂိုတာ      ဒီဇင်ဘာ      ၁ 

လွန်ခဲ့သော  နှစ်ပတ်အကြာက   ကိုလံဘီယာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် သူ၏အပေါင်းအပါနှစ်ဦးတို့ သည် ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကိုလံဘီယာသမ္မ္မတက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ရုဒ်ဘန်ဒါရိုင်ရိုအယ်လ်ဇေ့ထ်နှင့် အပေါင်းပါနှစ်ဦးတို့အား နိုင်ငံတကာကြက်ခြေနီအဖွဲ့ ဦးဆောင်သော လူသားချင်းစာနာထောက်ထားရေးအဖွဲ့တစ်ဖွဲ့သို့  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သမ္မ္မတ ဂျူအန်မန်နျူရယ်ဆန်တို့စ်က ပြောသည်။ 

နိုဝင်ဘာ ၂၆ ရက်က ဗိုလ်ချုပ်ကြီးအားဖမ်းဆီး ခေါ်ဆောင်ခြင်းသည် ကျူးဘားတွင် ဆွေးနွေးနေသော ကိုလံဘီယာတော်လှန်ရေးလက်နက်ကိုင်အဖွဲ့နှင့် အစိုးရအဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆိုင်းငံ့ထားရန် သမ္မ္မတအပေါ် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။ 

သမ္မတဆန်တို့စ်က ယခုအပတ်အစောပိုင်းက ဓားစာခံများအား  ပြန်လည်လွှတ်ပေးရန်  မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ဗိုလ်ချုပ်ကြီးနှင့် အပေါင်းပါများသည် အယ်ထရာတိုမြစ်ကို လှေဖြင့် ဖြတ်သန်းနေစဉ်တွင် ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်ကြီး  ပြန်လည်လွတ်မြောက်လာပြီးနောက် သမ္မတက ၄၈ နာရီအတွင်း အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်အဖွဲ့က  ဗိုလ်ချုပ်ကြီးအား  ဖမ်းဆီးခေါ်ဆောင်သွားခြင်း၏ အကြောင်းရင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း  သမ္မ္မတအနေဖြင့် တိုက်ခိုက်ရေးကို တိုးမြှင့်ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။  ဘီဘီစီ။

No comments:

Post a Comment