Monday, December 1, 2014

ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသပေး

Photo: ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသပေး
========================

နေပြည်တော် နိုဝင်ဘာ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ကွင်းဆင်းဆေးကုသခြင်းကို  ပုဗ္ဗသီရိ မြို့နယ် ဖြုတ်ခွဲကျေးလက်ကျန်းမာရေးဌာနအပိုင် အောင်သီရိကျေးရွာ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီက ဆောင်ရွက်ပေးခဲ့ပြီး သပြေစမ်း ကျေးရွာတွင် ယင်းနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ ကွင်း ဆင်းကုသပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင်   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာနန်းကျော့ခိုင်၊ကျန်းမာရေးအရာရှိ ဒေါက်တာသီဟသန်း၊ သွားဆရာဝန်ဒေါက်တာသစ်သစ်နှင့် ဆေးရုံမှ ဝန်ထမ်းများ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများက ဒေသခံများအား သွေးအုပ်စုများခွဲပေးခြင်း၊ သွားရောဂါနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးခြင်း၊ အခြားရောဂါဝေဒနာ များအား အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။ 

ထို့အတူ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းကလည်း ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာRHC အပိုင် ရန်အောင်ကျေးရွာတွင်  ပျိုရွယ်သူကျန်းမာရေးနှင့်သားဆက်ခြားကျန်းမာရေး ဟောပြောခဲ့ပြီး သား ဆက်ခြားဆေးများ အခမဲ့ထိုးပေးခြင်း၊ ဖြန့်ဝေပေးခြင်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ  သွားရောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။                        ကိုကိုရူပ(နေပြည်တော်)

No comments:

Post a Comment