Monday, December 1, 2014

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် စင်ကာပူနိုင်ငံ FORTIS SURGICAL HOSPITAL တို့ ပူးပေါင်း၍ ခွဲစိတ်မှုများဆောင်ရွက်

Photo: ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် စင်ကာပူနိုင်ငံ FORTIS SURGICAL HOSPITAL တို့ ပူးပေါင်း၍ ခွဲစိတ်မှုများဆောင်ရွက် 
===========================================

နေပြည်တော် နိုဝင်ဘာ ၃ဝ

ဇမ္ဗူသီရိဖောင်ဒေးရှင်း၏ ကူညီ ထောက်ပံ့မှုဖြင့်  ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးနှင့် စင်ကာပူနိုင်ငံ FORTIS  SURGICAL HOSPITAL တို့ ပူးပေါင်း၍ ရောဂါဝေဒနာရှင်များအား ဝမ်းဗိုက် မှ အပေါက်ငယ်ဖောက်၍  မှန်ပြောင်း ဖြင့်ခွဲစိတ်ပေးခြင်းကို နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ နိုဝင် ဘာ ၂၉ ရက် နံနက်ပိုင်းတွင်ပြုလုပ်ပေး ခဲ့သည်။

ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများကို စင်ကာပူနိုင်ငံ FORTIS SURGICAL HOSPITAL မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး Dr. Francis Seow Choen, Dr.Koh Poh Koon  တို့နှင့် ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးမှ   ခွဲစိတ်အထူးကုဆရာ ဝန်ကြီး ဒေါက်တာမျိုးထက်ကျော်တို့ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ဝန်ကြီး ဌာနများရှိ စအို၊ အူမကြီးကင်ဆာ၊ သည်းခြေအိတ်ကျောက်တည်ခြင်းနှင့် လိပ်ခေါင်းရောဂါဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရ သည်။ 
(ရွှေကုက္ကို)

No comments:

Post a Comment