Monday, December 1, 2014

ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အအုံဖွင့်ပွဲ၊ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲနှင့် ပထမအကြိမ် မြန်မာ-ဂျပန် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပ

Photo: ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အအုံဖွင့်ပွဲ၊ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲနှင့် ပထမအကြိမ် မြန်မာ-ဂျပန် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပ
============================================

ရန်ကုန်  နိုဝင်ဘာ  ၃ဝ

ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံသစ် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်   ပုသိမ်မြို့  ပုသိမ် တက္ကသိုလ် အဆိုပါ အဆောက်အအုံ သစ် မုခ်ဦးရှေ့၌ ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင် စောမူ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွန့်ဖေနှင့်   National Institute of Technology and Evolution (NITE)မှDirector Professor Dr. Katsuhiko ANDO တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဒေါ်ခင်စန်းရီက စက်ခလုတ်နှိပ်ဖွင့်လှစ် ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက အမွှေးနံ့သာ များ ပက်ဖျန်းပေးကြသည်။

ဒုတိယပိုင်းအစီအစဉ်များကို ဆက် လက်ကျင်းပရာ ပုသိမ်တက္ကသိုလ် အနု ပညာအသင်း ကျောင်းသားကျောင်း သူများက တိုင်းရင်းသားအကပဒေသာ များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်တို့က  အမှာ စကားများ ပြောကြားပြီးနောက် ပုသိမ် တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ University of Tsukuba တို့မှ တက္ကသိုလ်အကြီး အကဲများက တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နား လည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေး ထိုးပြီး  အပြန်အလှန်  လဲလှယ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂျပန် နိုင်ငံ တက္ကသိုလ်များမှ ပညာရှင်များ ကိုယ်စား ကိုယ်စားလှယ်အဖွဲ့အား လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ပထမအကြိမ် မြန်မာ-ဂျပန်သုတေသန စာတမ်းဖတ်ပွဲအစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံတက္ကသိုလ်များမှ ပညာရှင်များနှင့် ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်အသီးသီးမှ ပညာရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ    ပါဝင်ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး၊အမှတ်(၁) အခြေခံပညာ ဦးစီး ဌာန(အောက်မြန်မာပြည်) တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်း ဦးတို့နှင့်အတူ ပုသိမ်မြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း အမှတ်(၁)နှင့် (၃)ကျောင်းများသို့ သွားရောက်၍ ကျောင်းဆောင်များ ပြုပြင်မွမ်းမံနေမှု တို့ကို သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ပံ့ပိုးဖြည့်ဆည်းပေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီသည် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များနှင့်အတူ ပုသိမ်ပညာရေးကောလိပ် သို့ ရောက်ရှိခဲ့ကြပြီး အမျိုးသားပညာ ရေးဥပဒေနှင့် ရေးဆွဲလျက်ရှိသောနည်း ဥပဒေများ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ပညာရေးအစီ အစဉ်များ၊ ပညာရေးပြုပြင်ပြောင်းလဲ မှုလုပ်ငန်းများကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။          (ကြေးမုံ)

No comments:

Post a Comment