Monday, December 29, 2014

နေပြည်တော် ဗုဒ္ဓဂယာတွင်တည်ထားကိုးကွယ်မည့် ရပ်တော်မူဘုရားကြီး မတ္တရာမြို့နယ် စကျင်တောင်မှ ဇန်နဝါရီ ၁ ရက်တွင်ပင့်ဆောင်မည်

Photo: နေပြည်တော် ဗုဒ္ဓဂယာတွင်တည်ထားကိုးကွယ်မည့် ရပ်တော်မူဘုရားကြီး 
မတ္တရာမြို့နယ် စကျင်တောင်မှ ဇန်နဝါရီ ၁ ရက်တွင်ပင့်ဆောင်မည်

မတ္တရာ             ဒီဇင်ဘာ             ၂၈

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စကျင်ကျေးရွာရှိစကျင်ကျောက်တောင်တွင် ထုဆစ်လျက်ရှိသော မဟာသကျရံသီရပ်တော်မူဘုရားကြီးအား ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် မန္တလေး-မတ္တရာကားလမ်းမှ မန္တလေးမြို့ကိုဖြတ်ကာ နေပြည်တော်သို့ မင်္ဂလာမော်တော်ယာဉ်ဖြင့် ပင့်ဆောင်မည်ဖြစ်သည်။        
                                                                               
ဘုရားကြီးကို ပင့်ဆောင်ရန်အတွက် စက်ယန္တရားများမှာ ဒီဇင်ဘာ ၂၆ ရက်က စကျင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၂၇ ရက်က ပင့်ဆောင်ရန်အတွက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။  အဆိုပါ  ဘုရားကြီးမှာ  အကြမ်းထည်သာပြီးစီးနေပြီး ဉာဏ်တော် ၄၄ ပေနှင့်ကိုယ်လုံးတော်အကျယ် ၁၄ ပေရှိပြီး တန် ၁ဝဝ နီးပါးရှိကြောင်း၊ ထုဆစ်နေသည်မှာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း ဘုရားကြီးကို ထုဆစ် နေသူတစ်ဦးက ပြောသည်။ မဟာသကျရံသီ  ရပ်တော်မူ ဘုရားကြီး ထုဆစ်ရာသို့ ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်လျက်ရှိသည်ကို တွေ့ရသည်။ 

စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment