Sunday, November 2, 2014

Super Series Myanmar 2014 - 2015 ပိုက်ကျော်ခြင်းပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၁

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်း အဖွဲ့ချုပ် (ISTAF) ၏ Super Series Myanmar 2014 - 2015 ပိုက်ကျော်ခြင်းပြိုင်ပွဲ အကြိုဗိုလ်လုပွဲ များကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။

အမျိုးသား အကြိုဗိုလ်လုပွဲများတွင် မလေးရှားက မြန်မာကို (၂၁-၁၁) (၂၁-၁၄)မှတ်ဖြင့် လည်းကောင်း၊ ထိုင်းက စင်ကာပူကို(၂၁-၁၁)(၂၁-၉) မှတ်ဖြင့် လည်းကောင်း၊ အမျိုးသမီး အကြိုဗိုလ်လုပွဲများတွင် ဗီယက်နမ်က မြန်မာကို (၂၁-၁၆) (၂၁-၂၃) (၂၁-၁၃)မှတ်ဖြင့်လည်းကောင်း၊ ထိုင်းက အင်ဒိုနီးရှားကို (၂၁-၁၆)(၂၁-၉)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ ကြကာ ဗိုလ်လုပွဲသို့ တက်ရောက် သွားကြသည်။

အမျိုးသားနောက်ဆုံးဗိုလ်လုပွဲတွင် မလေးရှားနှင့် ထိုင်း၊ အမျိုး သမီးနောက်ဆုံး ဗိုလ်လုပွဲတွင် ဗီယက်နမ်နှင့် ထိုင်းတို့ ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး၊ မြန်မာအမျိုးသား၊ အမျိုးသမီးအသင်းတို့မှာ တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကြရမည်ဖြစ် သည်။

အမျိုးသားအကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းမှာ အကောင်းဆုံးမကစားနိုင်ခဲ့ပဲ မလေးရှားအသင်းကို နှစ်ပွဲပြတ်ရူံးနိမ့်ခဲ့ပြီး၊ အမျိုးသမီးအကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းမှာ ပထမပွဲငယ်နှစ်ပွဲတွင် သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း နောက်ဆုံးအဆုံးအဖြတ်ပွဲတွင် အမှားအယွင်းများစွာဖြင့် ရူံးနိမ့်ခဲ့ရသည်။ ဗီယက်နမ်အသင်းက နည်းဗျူဟာပိုင်းသာလွန်၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးဗိုလ်လုပွဲများကို နိုဝင်ဘာ ၂ ရက် နံနက် ၁၁ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ သတင်းနှင့်ဓာတ်ပုံ ကိုကိုစိုးညွန့်

No comments:

Post a Comment