Sunday, November 2, 2014

ဇောတိကအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ခြိမ့်ခြိမ့်သဲစည်ကား




သထုံ နိုဝင်ဘာ ၁

မြန်မာ့ရိုးရာလက်ဝှေ့ပညာရပ်များ တိမ်ကော ပပျောက်ခြင်းမရှိဘဲ ဒေသတွင်းရှိ ရွက်ပုန်းသီးလက်ဝှေ့ ဝါသနာရှင်များစွာ ပေါ်ထွက်လာစေရန်အတွက် ဇောတိကအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ယှဉ်ပြိုင်ပွဲများကို သထုံမြို့နယ် တောင် ကြားကျေးရွာ ဇောတိကာရုံကျောင်း တိုက် မဟာဗောဓိစေတီတော်မြတ်ကြီး၏ (၆၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် အခမဲ့ထည့်သွင်းကျင်းပရာ အနယ် နယ်အရပ်ရပ်မှ လာရောက်ကြည့်ရှုကြသည့် လက်ဝှေ့ ဝါသနာရှင်များဖြင့် ကွင်းလုံးပြည့်စည်ကားခဲ့ကြောင်း သိရသည်။

''ဒီနယ်တစ်ကြောမှာတော့ ဒီပွဲကအစည်ဆုံးပါ၊ ဒေသ တွင်းက လက်ဝှေ့ဝါသနာအိုးတွေအတွက် ကိုယ်စီအစွမ်းပြ ခွင့်ရကြတဲ့ပွဲပါ၊ ဆုကြေးကလဲကောင်းတယ်၊ အရင်နှစ် တွေက မြေဝိုင်းကောက်ရိုးခင်းပြီး ကျင်းပလာရာက ဒီနှစ်မှာ တော့ ဇောတိကဆရာတော်ကြီးရဲ့အားထုတ်မှုနဲ့ ကြိုးဝိုင်း၊ ပွဲကြည့်စင်တွေနဲ့ စနစ်တကျဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ အရမ်းကြည့်ကောင်းလာတယ်''ဟု လက်ဝှေ့ပွဲ လာရောက်ကြည့်ရှုသူ ဝင်းပရွာသား ကိုရန်အေးက ပြောသည်။

အဆိုပါ လက်ဝှေ့အောင်လံလုပွဲကို တန်ဆောင်မုန်း လဆန်း ၉ ရက်မှစတင်ကျင်းပပေးပြီး ကြိုးဝိုင်းခုံဒိုင်အဖြစ် တစ်ချိန်က နာမည်ကြီးလက်ဝှေ့ချန်ပီယံ သထုံရွှေဝါထွန်းက ပြုလုပ်ပေးကာ နိုဝင်ဘာ ၁ ရက်က ဇောတိကအောင်လံ ရရှိသူ လက်ဝှေ့ပညာရှင်အား အောင်လံပေးအပ်ပြီး ထိုက် တန်စွာဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ သက်ဦး(သထုံ)

No comments:

Post a Comment