Saturday, November 29, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒိန်းမတ်နိုင်ငံ Niels Brock Copen- hagen Business College in Copenhagen တို့အကြားနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Photo: ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒိန်းမတ်နိုင်ငံ Niels Brock Copen- hagen Business  College  in Copenhagen  တို့အကြားနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
=============================================

နေပြည်တော် နိုဝင်ဘာ ၂၈

ပညာရေးဝန်ကြီးဌာန  ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့်   ဒိန်း မတ်နိုင်ငံ Niels Brock Copen- hagen Business  College  in Copenhagen  တို့ ပူးပေါင်း၍ Bac- helor of  Science  (Business Administration)  ဘွဲ့  သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် ပညာရေး ဝန်ကြီးဌာန  ဝန်ကြီးရုံး  အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့   ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ဇော်မင်းအောင်နှင့်  ဦးသန့်ရှင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ  ညွှန်ကြားရေး မှူးချုပ်များနှင့်  တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံ     စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင် ရွက်ရေးဝန်ကြီးဌာနဝန်ကြီး  Mr. Mogens Jensen ၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး  Peter  Lysholt Hansen နှင့် ကိုယ်စားလှယ်အဖွဲ့ ဝင်များ တက်ရောက်သည်။

ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ  ဒေါ်ခင်စန်းရီ နှင့် ဒိန်းမတ်နိုင်ငံ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန   ဝန်ကြီးတို့က အမှာစကားပြောကြားသည်။

ထို့နောက် နားလည်မှုစာချွန် လွှာ    လက်မှတ်ရေးထိုးပွဲကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး၊ ဒိန်းမတ် နိုင်ငံဝန်ကြီးတို့၏  ရှေ့မှောက်တွင် ရန်ကုန်   စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦး နှင့် Niels Brock Copenhagen Business College ၏ President   ဖြစ်သူ Ms.Anya Eskildsen  တို့က နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း သတင်းရရှိ သည်။

(မြန်မာ့အလင်း)

No comments:

Post a Comment