Saturday, November 29, 2014

မြန်မာ-တရုတ် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေး

Photo: မြန်မာ-တရုတ် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေး

နေပြည်တော်  နိုဝင်ဘာ  ၂၈

ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်အား မြန်မာနိုင်ငံသို့ လေ့လာရေးခရီးရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်သူ့ တရားလွှတ်တော်ချုပ်တရားသူကြီး Hon. Mr.ZHANG Jiannan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်  ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်း အဝေးခန်းမသို့ လာရောက်၍ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရှေ့နေချုပ်က ပြည်ထောင်စုရှေ့နေ ချုပ်ရုံးကို ဥပဒေရေးဆွဲရေးဌာန၊ ဥပဒေအကြံပေးရေးဌာန၊ တရားစွဲနှင့် အမှုလိုက်ဌာန၊ စီမံရေးရာဌာနစသည့် ဌာနကြီးလေးခုဖြင့် ဖွဲ့စည်းထားရှိပြီး ယင်းဌာနများ၏  လက်အောက်တွင် ဌာနခွဲ ၂ဝ ဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများ၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများ၊ ဥပဒေ ရေးရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဟန်ချက်ညီညီလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းပြောကြားသည်။

အမြင်ချင်းဖလှယ်  

ထို့နောက်  မြန်မာ-တရုတ် နှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။  (မြန်မာ့အလင်း)

No comments:

Post a Comment