Saturday, November 29, 2014

လယ်ယာမြေလုပ်ကိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိ


 


ပြည်သူ့လွှတ်တော်အစည်းအဝေး

နေပြည်တော် နိုဝင်ဘာ ၂၈


ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မင်းကင်း မဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်၏ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန် စွမ်းသူ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ကို စောင့်ရှောက်မည့် လုပ်ငန်းစဉ်များ၌ သက်ဆိုင်ရာဝန်ကြီးဌာနက အောက်ခြေ အထိ မည်သို့ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုသည့် မေးခွန်းနှင့်စပ်လျဉ်း ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ဝန်ကြီး ဌာနအနေဖြင့် စောင့်ရှောက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည် ထူထောင်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ် သော ကလေးငယ်များ၊ အမျိုးသမီး များ၊ မသန်စွမ်းသူများ၊ သက်ကြီး ရွယ်အိုများကို အဓိကထား ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

ဝေးလံခေါင်ဖျား ဒေသများနှင့် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများ အား သက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်ပြီး ပညာသင်စောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ် အိုများအတွက်လည်း ရပ်ရွာအခြေပြု စောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက် မှုပုံစံတို့ဖြင့်လည်း ဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာန သည် မသန်စွမ်းသူများဘဝ တိုးတက် ရေးအတွက် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို မသန်စွမ်း သူများ၏လိုအပ်ချက်နှင့်အညီ နှစ်စဉ် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိအခြေအနေတွင် အမျိုး သားအဆင့်မူဝါဒနှင့် မဟာဗျူဟာ ချမှတ်ရေးဆွဲလျက်ရှိပြီး နိုင်ငံတစ်ဝန်း မသန်စွမ်းသူများ လက်လှမ်းမီစွာ ရယူသုံးစွဲနိုင်မည့်ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုစီးပွားဘဝ ရပ်တည်မှု ဆိုင်ရာ အထောက်အထားများ ပါဝင်လာမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနသည် ဒေသခံပြည်သူ များ၊ ဒေသတာဝန်ရှိသူများနှင့်ပူးပေါင်း ၍ မူးယစ်ဆေးဖြတ်သူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဝေးလံခေါင်ဖျားဒေသများအပါအဝင် နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိပါ ကြောင်းဖြင့် ဖြေကြားခဲ့သည်။

ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ လယ်ယာမြေများ မှတ်ပုံတင်ခွင့်အခြေအနေနှင့် မှတ်ပုံ တင်ပြီး လယ်ယာမြေများကို တရား ဝင်ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်း ခွင့်၊ ပေးကမ်းခွင့်များကို မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်နှင့် မ/ပြေစာထွက် စိုက်ပျိုးနိုင်သော လယ်ယာမြေများကို မှတ်ပုံတင်ခွင့် ရှိ၊ မရှိသိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် အညီ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံ တင်ခြင်းနှင့် ခွင့်ပြုလက်မှတ်ထုတ် ပေးခြင်းလုပ်ငန်းကို ဦးစားပေး အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများလက်ဝယ်သို့ လုပ်ကွက် ပေါင်း ၈ ဒသမ ၈ဝ သန်း၊ ရာခိုင်နှုန်း အားဖြင့် ၉၆ ဒသမ ၇၆ရာခိုင်နှုန်း ထုတ် ပေးပြီးဖြစ်ပါကြောင်း၊ ကျန်လုပ်ပိုင်ခွင့် လက်မှတ်များထုတ်ပေးမှု နောက်ကျရ ခြင်းမှာသွားလာရေးခက်ခဲသောဒေသ များနှင့်လယ်ယာမြေ အငြင်းပွားမှု များကြောင့် ဖြစ်ပါကြောင်း။

လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိထားသူများအနေဖြင့် အရင်းအနှီးအတွက် သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး ပေါင်နှံခွင့်ဘဏ်များသတ်မှတ်နိုင်ရေးအတွက် ဆွေးနွေး လျက်ရှိပါကြောင်း။

မ/ပြေစာထွက် စိုက်ပျိုးနေသော လယ်ယာမြေများသည် စားကျက်ကျူး၊ လမ်းမြေကျူး စသည့်ကျူးလွန်စိုက် ပျိုးမြေဖြစ်ပါက လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)အရ လယ်ယာမြေနှင့် အကျုံးဝင်ခြင်း မရှိသောကြောင့် လုပ်ပိုင်ခွင့်လျှောက်ထား၍ မရပါ ကြောင်း၊ အဆိုပါမြေများကို သက် ဆိုင်ရာဝန်ကြီးဌာနက စွန့်လွှတ်ပြီး မှသာ ဥပဒေနှင့်အညီ စိစစ်ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း။

တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သည့် မြေ နှင့်စပ်လျဉ်းပြီး လုပ်ကွက်နယ်နိမိတ် နှင့် စိုက်ပျိုးလုပ်ကိုင်မှု အခြေအနေ၊ တည်ငြိမ်ခိုင်မာမှုမရှိသော မြေဧရိယာ များကို စိုက်ပျိုးထုတ်လုပ်မှု စာရင်း များပြုစုနိုင်ရန်နှင့် မြေခွန်စည်းကြပ် ရန်အတွက် မမြဲဦးပိုင်အဖြစ် သတ် မှတ်စာရင်းပြုစုပြီး မြေခွန်စည်းကြပ် ပါကြောင်း၊ စိုက်ပျိုးလုပ်ကိုင်မှု တည် ငြိမ်လာသည့်အချိန်တွင် တိုင်းတာ ခြင်း၊ ဦးပိုင်လုပ်ကွက်အလိုက် ပုံထုတ် ခြင်း၊ မမြဲဦးပိုင်အဖြစ် သတ်မှတ် ခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ လုပ်ပိုင် ခွင့် လက်မှတ်ပုံစံ(၇) ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ် ပါကြောင်းဖြင့် ဖြေကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက အမှာစကားပြောကြား ရာ၌ ထူးခြားမှုများနှင့်အတူ အတွေ့ အကြုံသစ်များရရှိခဲ့ကြသည့် သင်ခန်း စာများသည် နောင်အတွက် တန်ဖိုး ရှိရှိ ထိထိရောက်ရောက် အသုံးပြုနိုင် ကြရန်လိုကြောင်း၊ ယခု အစည်းအဝေး တွင် ကြယ်ပွင့်ပြ မေးခွန်း ၁၁၇ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆ဝ၈ ခု မေး မြန်းဖြေကြားနိုင်ခဲ့ပြီး အဆိုခြောက်ခု၊ အရေးကြီးအဆိုလေးခု တင်သွင်းနိုင် ခဲ့ပါကြောင်း၊ ထို့အပြင် ဥပဒေကြမ်း၂ဝ ကို အမျိုးသားလွှတ်တော်သို့ ပေးပို့ နိုင်ခဲ့ပါကြောင်း၊ ယခုအစည်းအဝေး ကာလအတွင်း ပါတီပေါင်းစုံနှင့် အဖွဲ့ အစည်းများမှ လေ့လာသူ ၃၈ဝဝဝ ကျော် လာရောက်လေ့လာခဲ့ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် (၁၁) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို နံနက် ပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment