Saturday, November 29, 2014

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေးကျင်းပပြီးစီး

 


ပြည်ထောင်စုလွှတ်တော် အစည်းအဝေး

နေပြည်တော် နိုဝင်ဘာ ၂၈


ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည် တော်ရှိ ပြည်ထောင်စုလွှတ်တော်အဆောက်အအုံ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီ ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ် နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည် ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေ ကြမ်းများကို လွှတ်တော်က မှတ်တမ်း တင်သည်။

ထို့နောက် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် ''ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ် များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''နှင့် စပ်လျဉ်း၍ ဥပဒေ ကြမ်း ပူးပေါင်းကော်မတီအတွင်း ရေးမှူး ဦးစောလှထွန်းက ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ရှင်း လင်းတင်သွင်းရာ ဘားအံမဲဆန္ဒနယ် မှ ဒေါ်နန်းစေအွာက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုသည်။

ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော မြန်မာ့သတ္တု တွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အဆိုပြုတင်ပြ ခြင်း၊ ဆွေးနွေးခြင်းများကို ယာယီ ရပ်ဆိုင်းခဲ့သည်။

ထို့နောက် လွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်၏ အတည် ပြုအဆိုတွင်ပါရှိသည့် ''တိုင်းရင်းသား အစုအဖွဲ့များမှ လွှတ်တော်ကိုယ်စား လှယ်တစ်ဦး'' ရွေးချယ်မှုနှင့် စပ်လျဉ်း ၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယကက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော် လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း တင်ပြပြီး ပထမအကြိမ် ပြည်ထောင် စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့ သည်။
(သတင်းစဉ်)

No comments:

Post a Comment