Thursday, November 27, 2014

ဖာဂူဆန်သေနတ်ပစ်ခတ်မှုအပေါ် မကျေနပ်၍ အမေရိကန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုဖြစ်ပွား




နယူးယောက် နိုဝင်ဘာ ၂၆

လူမည်းဆယ်ကျော်သက် မိုက် ကယ်ဘရောင်း သေဆုံးမှုအပေါ် ရဲအရာရှိတစ်ဦးအား စွဲဆိုထားသည့် အမှု တနင်္လာနေ့က ဆုံးဖြတ်ချက် ကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် အမေရိကန်နိုင်ငံတစ်ဝန်းဆန္ဒပြမှု များ ဖြစ်ပွားလျက်ရှိသည်။ 

နယူးယောက်မြို့မှ ဆီးယက် တဲလ်အထိ ကြွေးကြော်သံများကြွေးကြော်၍လည်းကောင်း၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ 

ဖာဂူဆန်မြို့ စိန့်လူးဝစ် အရပ်၌ တနင်္လာနေ့က အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင် ၂၂ဝဝတို့ကို မငြိမ်မသက် မှုများ ထပ်မံမဖြစ်ပွားစေရေး ဖြန့် ကြက်ချထားသည်။ ရဲအရာရှိ ဒါရင် ဝီလ်ဆင်သည် သြဂုတ် ၉ ရက် က မစ်ဆောရီပြည်နယ် ဖာဂူဆန်မြို့ ဆန္ဒပြမှုတွင် ဘရောင်းအမည်ရှိ အသက် ၁၈ နှစ်အရွယ် လူငယ် တစ်ဦးအား သေနတ်ဖြင့် ပစ်သတ် ခဲ့သည်ဟု ဆိုသည်။ 

ဖာဂူဆန်ရှိ အာဖရိကနွယ်ဖွား အမေရိကန်အသိုက်အဝန်းက အဆိုပါ အရာရှိအား လူသတ်မှုဖြင့် တရားစွဲဆိုရန် ဆော်သြတိုက်တွန်းထား သည်။ သို့သော်လည်း တနင်္လာနေ့ နောက်ပိုင်း ဂျူရီတရားသူကြီး ဆုံးဖြတ်ရာတွင် အဆိုပါရဲအရာရှိ၏ သေနတ်ပစ်ခတ်မှုအပေါ် ရာဇဝတ်မှု မမြောက်ဟု ကြေညာခဲ့သည်။ ဘရောင်း၏ မိသားစုရှေ့နေများက အဆိုပါ ဆုံးဖြတ်ချက်မှာ တရားမျှတ မှုမရှိဟုဆိုကာ ရှုတ်ချခဲ့ကြသည်။ ယင်းဖြစ်စဉ်အပေါ် မကျေနပ်၍ နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။ (ဘီဘီစီ

No comments:

Post a Comment