ပဲခူး နိုဝင်ဘာ ၂၆
ပဲခူးမြို့နယ် ဘုရားကြီးမြို့ အုပ် ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ၂၆ ရက် နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ရုံးဖွင့်ပွဲကျင်းပရာ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးမောင်မောင် သန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ် ရေးမှူး ဦးရဲထွဋ်၊ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဘုရား ကြီးမြို့နေပြည်သူများ စုစုပေါင်း အင်အား ၁ဝဝခန့် တက်ရောက် ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက ဘုရားကြီးစံပြ ကျေးရွာသည် ယခုအခါ မြို့ဖြစ် သွားသဖြင့် ဘုရားကြီးမြို့ရှိ ပြည်သူ များက မြို့အင်္ဂါရပ်နှင့်အညီ စည်းကမ်းရှိစွာနေထိုင်ရန် ပြောကြား ပြီး မြို့အုပ်ချုပ်ရေးမှူးရုံးကို ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။
သန့်စင်(ပဲခူး)
No comments:
Post a Comment