Saturday, November 29, 2014

အမေရိကန်တွင် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ လွှတ်တော်အမတ်ဖြစ်လာ

Photo: အမေရိကန်တွင် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ လွှတ်တော်အမတ်ဖြစ်လာ
======================================

 ဗာဂျီးနီးယား   နိုဝင်ဘာ  ၂၈ 

အမေရိကန်နိုင်ငံတွင် ၁၈ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူတစ်ဦးသည် အနောက်ဗာဂျီးနီးယားပြည်နယ် ၏    ဥပဒေပြုလွှတ်တော်  အမတ်တစ်ဦးဖြစ်လာခဲ့သည်။

အနောက်ဗာဂျီးနီးယားတက္ကသိုလ်တွင် ဘူမိဗေဒ နှင့်စီးပွားရေးအထူးပြု ပထမနှစ်ကျောင်းသူတစ်ဦးဖြစ် သည့်   ဆိုင်ရာဘလိုင်သည်  ကျောင်းသင်ခန်းစာများ လေ့လာရင်း တစ်ဖက်ကလည်း  သူ၏မဲဆွယ်စည်းရုံးရေး အတွက် အချိန်ကိုအကျိုးရှိစွာ   အသုံးချနိုင်ခဲ့သည်။ မဲဆွယ်စည်းရုံးခဲ့စဉ်တွင် အမေရိကန်ဒေါ်လာ ၄ဝဝဝ နီးပါးသုံးစွဲခဲ့သည်။ 

ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သည့်  ဆိုင်ရာဘလိုင် သည် အနောက်ဗာဂျီးနီးယားအရှေ့ပိုင်းရှိ ခရိုင်တစ်ခုကို ကိုယ်စားပြုလိမ့်မည်ဖြစ်သည်။ အသက် ၄၄ နှစ်အရွယ်ရှိ ၎င်း၏ပြိုင်ဘက်ဖြစ်သော    ဒီမိုကရက်တစ်ပါတီဝင် မာတင်းစ်ဘတ်ရှေ့နေ လေးနီးဒိုင်ဟယ်လ်ကို မဲအရေ အတွက် ၆၃-၃ဝရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ 

လေးနီးဒိုင်ဟယ်လ်က  အလယ်တန်းပညာရေး တိုးတက်စေရန်နှင့်   ကူးစက်ရောဂါ    ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်မည်ဟု မဲဆွယ်စည်းရုံး စဉ်က  အဓိကထားပြောကြားခဲ့သည်။    မစ်ဆိုင်ရာ ဘလိုင်ကမူ   လက်ရှိစီးပွားရေးလုပ်ငန်းများအတွက် ပေးသွင်းရသော လုပ်ငန်းဆိုင်ရာ အခွန်အခကောက်ခံမှု ကို လျှော့ချနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း  မဲဆွယ် စည်းရုံးခဲ့စဉ်က   ကတိပြုပြောကြားခဲ့သည်။  သူသည် ကိုယ်ဝန်ဖျက်ချမှု  တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လည်း   လုပ်ဆောင်မည်ဟု ထည့်သွင်းပြောကြားခဲ့ သည်။ 

အမေရိကန်တွင် ဥပဒေပြုလွှတ်တော်အမတ်ဦးရေ ၇၃ဝဝ ကျော်ရှိသည့်အနက်  ဆိုင်ရာဘလိုင်သည် အငယ်ဆုံးဥပဒေပြုလွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ 
ဒေးလီးမေးလ်။

No comments:

Post a Comment