Saturday, November 29, 2014

ဂျပန်နိုင်ငံတွင် အေဆိုမီးတောင် ပေါက်ကွဲမှုကြောင့် လေကြောင်းလိုင်းများ အခက်တွေ့

Photo: ဂျပန်နိုင်ငံတွင် အေဆိုမီးတောင် ပေါက်ကွဲမှုကြောင့် လေကြောင်းလိုင်းများ အခက်တွေ့ 
===========================================

တိုကျို          နိုဝင်ဘာ        ၂၈ 

ဂျပန်နိုင်ငံ တောင်ပိုင်းရှိ မီးတောင်တစ်လုံးသည် နိုဝင်ဘာ ၂၈ ရက်တွင် လွန်ခဲ့သည့် ၂၂ နှစ်အတွင်း ပထမဆုံး အကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လေကြောင်းလိုင်းများ ဖျက်သိမ်းခဲ့ပြီး မီးတောင်ဝအနီးတစ်ဝိုက်မှ ရှောင်တိမ်း နေကြရန်လည်း သတိပေးမှုများပြုလုပ်လျက်ရှိသည်။ 

ဂျပန်မိုးလေဝသဌာနက အေဆိုမီးတောင်သည် ချော်ရည်ပူများနှင့် မီးခိုးပြာမှုန်များကို ကောင်းကင်သို့ အမြင့်ပေ ၃၂၈ဝခန့်အထိ မှုတ်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မီးတောင်နှင့် အနီးဆုံး ကူမာမိုတိုမြို့မှ လေကြောင်း လိုင်းဒါဇင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရသည်။

ဂျပန်မိုးလေဝသဌာနက အဆိုပါမီးတောင်ပေါက်ကွဲမှုသည် ယခုထက်အခြေအနေပိုဆိုးလာစရာ အကြောင်းမရှိဟု မျှော်လင့်ထားသည်။  အေဆိုမီးတောင်သည်    တိုကျိုမြို့အနောက်တောင်ဘက်   ၆၂၅ မိုင်အကွာ    ကျူရှူးကျွန်း ပေါ်တွင်တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးမီးတောင်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ 

ဂျပန်နိုင်ငံတွင်    နောက်ထပ်မီးတောင်တစ်ခုဖြစ်သော    အွန်တာကီမီးတောင်ပေါက်ကွဲမှုကြောင့်  တိုကျိုမြို့ အနောက်ဘက် နာဂနိုမြို့တွင် စက်တင်ဘာလနှောင်းပိုင်းက လူ ၅ဝ ကျော်သေဆုံးခဲ့ရသည်။                                                        အေပီ။

No comments:

Post a Comment