Saturday, November 29, 2014

ဇော်ဂျီမြစ်ကူးတံတား(ရဲစု)အား သံကူကွန်ကရစ်တံတားအဖြစ်တည်ဆောက်

Photo: ဇော်ဂျီမြစ်ကူးတံတား(ရဲစု)အား သံကူကွန်ကရစ်တံတားအဖြစ်တည်ဆောက်
=================================================

ကျောက်ဆည် နိုဝင်ဘာ ၂၈

ကျောက်ဆည်မြို့ ကြက်မင်းတွန် ရပ်ကွက်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းနှင့် ကျောက်ဆည်-တံတားဦး လမ်းတို့ကို   ဆက်သွယ်ထားသော  မြို့ပတ်လမ်းပေါ်ရှိ   ဇော်ဂျီမြစ်ကူး တံတား(ရဲစု)အား   သံကူကွန်ကရစ် တံတားအဖြစ်   အထူးသီးသန့်ရန်ပုံငွေ ဖြင့် အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ  ဇော်ဂျီမြစ်ကူးတံတား (ရဲစု)အား ရေလယ်တိုင် လေးတိုင်ဖြင့် အရှည်ပေ ၁၈ဝ နှင့်အကျယ် ၁၃ ပေ၊ ယာဉ်သွားလမ်းအကျယ်  ၁၂  ပေ အဖြစ်   အသစ်တည်ဆောက်သွား မည်ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ယခုနှစ် ဘဏ္ဍာနှစ်တွင် မျှောပိုင်တိုင်နှင့် သံကူ ကွန်ကရစ်   အုတ်မြစ်ကျောက်ရိုးစီ ကမ်းကပ်ခုံ၊    ဘိုးပိုင်အုတ်မြစ်နှင့် သံကူကွန်ကရစ် ရေလယ်တိုင် နှစ်တိုင်၊ သံပေါင်နှင့်    သစ်သားခင်းတံတား အဖြစ် ဖေဖော်ဝါရီလကုန်အပြီး တည် ဆောက်သွားမည်ဖြစ်ကာ ကျန်ရှိသော ရေလည်တိုင် နှစ်တိုင်နှင့် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများနှင့် တံတားအပြီး သတ်လုပ်ငန်းများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ဆောင် ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရသို့  ရန်ပုံငွေတင်ပြတောင်းခံထားကြောင်း ခရိုင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း     ခရိုင်အင်ဂျင်နီယာမှူး ဒေါ်အေးအေး မော်၏ပြောပြချက်အရ သိရသည်။

ဇော်ဂျီမြစ်ကူးတံတား (ရဲစု)သည် မြို့ပတ်လမ်းပေါ်တွင်တည်ရှိသော ကြောင့် ကုန်တင်ယာဉ်ကြီးများ ဖြတ် သန်းသွားလာခြင်း၊  ယာဉ်သွားလာမှု များပြားခြင်းနှင့်  နှစ်ကာလကြာမြင့် လာ၍  ပျက်စီးကာ ယာဉ်ကြီးများ ဖြတ်သန်းသွားလာရာတွင် အန္တရာယ် ရှိသောကြောင့်  နိုင်ငံတော်၏ အထူး သီးသန့်  ရန်ပုံငွေကျပ်သိန်း  ၁၅ဝ  ဖြင့်  သစ်သားတံတားအသစ်တည် ဆောက်ရန်  ခွင့်ပြုခဲ့ပြီး  သံကူကွန် ကရစ်တံတားအဖြစ်    တိုးမြှင့်တည် ဆောက်လို၍   ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း(ရုံးချုပ်)မှ   တံတားပုံစံ   ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး   တည်ဆောက် ရေးကော်မတီများဖြစ်သည့်  တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးအောင်မြင့်သန်း၊ ခရိုင်အုပ်ချုပ်ရေး မှူး  ဦးမြင့်နိုင်နှင့်  ခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင်များ၏  ကြီးကြပ်မှုဖြင့်  လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၃ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း  သိ ရသည်။        ထွန်းထွန်းနိုင်(ကျောက်ဆည်)

No comments:

Post a Comment