Saturday, November 29, 2014

ဇမ္ဗူသီရိ အထူးကုဆေးရုံကြီး၌ အခမဲ့စမ်းသပ်စစ်ဆေးကုသမှုပေး

Photo: ဇမ္ဗူသီရိ အထူးကုဆေးရုံကြီး၌ အခမဲ့စမ်းသပ်စစ်ဆေးကုသမှုပေး

နေပြည်တော် နိုဝင်ဘာ ၂၈

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်သည် နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ဦးမျိုးညွန့်၊   နေပြည်တော် စည်ပင်သာယာရေးကော်မတီဒုတိယ မြို့တော်ဝန် ဦးသန်းကျော်ထူးတို့နှင့်အတူ နိုဝင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးနှင့်  စင်ကာပူနိုင်ငံ Mount Elizebath Hospital  မှ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ နား၊ နှာခေါင်း၊ လည်ချောင်း၊  အစာအိမ်အူလမ်းကြောင်းနှင့် နှလုံးရောဂါအခမဲ့ စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်  တာဝန်ရှိသူများသည် ပင်မခွဲစိတ်ခန်းမကြီးတွင် Mount Elizebath Hospital  မှ  အထူးကု ဆရာဝန်ကြီး Dr.Goh Yau Hong နှင့် ခွဲစိတ်အထူးကုသမားတော်ကြီး ဒေါက်တာ မျိုးထက်ကျော်တို့ ဦးဆောင်သည့် အထူးကုဆရာဝန်များ၏ လည်ပင်းကြီးရောဂါ လူနာ ခွဲစိတ်ကုသပေးနေသည့် တိုက်ရိုက်ရိုက်ကူးပြသမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ထို့နောက် အထူးကြပ်မတ်ကုသ ဆောင်သို့ရောက်ရှိပြီး  နိုင်ငံတော်သမ္မတရုံး၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွေးမြူရေး၊  ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိဖောင်ဒေးရှင်းနှင့် ဒေသခံများ၏  လည်ပင်းကြီးရောဂါခွဲစိတ် ကုသပြီး လူနာများနှင့် ခွဲစိတ်ကုသမှု ခံယူမည့်  လူနာများအား  ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍   အထွေထွေပြင်ပ လူနာဌာနတွင်   အစာအိမ်အူလမ်း ကြောင်းစမ်းသပ်နေမှုများ၊  အစာအိမ် အူလမ်းကြောင်းအတွင်း မှန်ပြောင်းထည့်သွင်းကြည့်ရှုကုသနေမှုများနှင့် အထူးကုပြင်ပလူနာဌာန၌ နှလုံးရောဂါစမ်းသပ်နေမှုများကို  ကြည့်ရှုအားပေးခဲ့သည်။ 

ယခု အခမဲ့စမ်းသပ်စစ်ဆေးကုသ ပေးလျက်ရှိသည့် နေပြည်တော် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးတွင် Mount Elizebath Hospitals Singapore  မှ အထူးကုဆရာဝန်ကြီး သုံးဦးနှင့်   ဇမ္ဗူသီရိအထူးကုဆရာ ဝန်ကြီးများက လည်ပင်ကြီးရောဂါ ပြသသူ ၂၅ ဦး၊ အစာအိမ်အူလမ်းကြောင်း ရောဂါပြသသူ ၂၇ ဦး၊ နှလုံး ရောဂါစမ်းသပ်ခံယူသူ   ၆၁   ဦး စုစုပေါင်း ၁၁၃ ဦး တို့ကို နိုဝင်ဘာ ၂၆ ရက်မှ ယနေ့အထိ လည်ပင်းကြီး ရောဂါဝေဒနာရှင် ၂၅ ဦး၊ အစာအိမ် အူလမ်းကြောင်း  ရောဂါဝေဒနာရှင် ၂၅ ဦး၊ နှလုံးရောဂါဝေဒနာရှင် ၁၉ ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသပေး နိုင်ခဲ့ပြီး  ခွဲစိတ်ကုသရန်လိုအပ်သည့် လည်ပင်းကြီးရောဂါဝေဒနာရှင်များမှ ယနေ့တွင် ငါးဦးကို ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီး  ကျန်ရှိသည့် ဝေဒနာရှင် များကို  ၂၈  ရက်တွင်  ဆက်လက်ကြည့်ရှုစစ်ဆေးခွဲစိတ်ကုသပေးသွား မည်ဖြစ်ကြောင်း၊  ဇမ္ဗူသီရိဖောင်ဒေးရှင်းမှ  ကုသမှုဆိုင်ရာဝန်ဆောင်မှုများ၊ အုပ်ချုပ်မှုဆိုင်ရာ ဝန်ဆောင် မှုများကို အခမဲ့ကူညီပံ့ပိုးပေးခဲ့ကြောင်း နှင့် ဆက်လက်၍လည်း  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ၊ နှလုံးရောဂါ ဝေဒနာရှင်များ၊   သွားနှင့်ခံတွင်း ဝေဒနာရှင်များ၊ မျက်စိရောဂါဝေဒနာ ရှင်များကို အခမဲ့ပူးပေါင်းကုသပေး သွားရန်ရှိကြောင်း သိရသည်။(သတင်းစဉ်)

No comments:

Post a Comment