Saturday, November 29, 2014

အာဆီယံမော်တော်ဆိုင်ကယ်ပလပ်များတွေ့ဆုံပွဲ ကျင်းပမည်

Photo: အာဆီယံမော်တော်ဆိုင်ကယ်ပလပ်များတွေ့ဆုံပွဲ ကျင်းပမည်
=========================================

တာချီလိတ် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီ လိတ်မြို့တွင် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်ကျင်းပမည့်   အာဆီယံမော် တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ ကို မြို့လယ် ရှမ်းရိုးမအားကစားကွင်း တွင် ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် တို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ မည်ဟု သိရသည်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် မော်တော်ဆိုင်ကယ်ပြခန်း များ၊   ဆိုင်ကယ်စီးအသုံးအဆောင် ပစ္စည်းများ၊   စားသောက်ဆိုင်ခန်း များ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး  ည ၇ နာရီတွင် ဒေသခံအဆိုတော် များမှ   သီဆိုဖျော်ဖြေသွားမည်ဖြစ် ကြောင်း၊ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် အာဆီယံနိုင်ငံဆိုင်ကယ် ကလပ်အသင်းများမှ  မြို့လယ် ရွှေတိဂုံစေတီတော်ကို   လက်ယာရစ် လှည့်လည်ပူဇော်ပြီး  ညနေ  ၄  နာရီ တွင် ထိုင်းနိုင်ငံဆိုင်ကယ်စတန့် ပြိုင်ပွဲ တွင် ဆုနှစ်ကြိမ်ရရှိထားသော မြန်မာ နိုင်ငံမှ  ကိုမောင်ကစတန့်ပြကွက်ကို ပြသမည်ဖြစ်ကြောင်း၊ ညနေ ၆ နာရီ တွင် ခေတ်ဟောင်းဆိုင်ကယ်၊ ခေတ် သစ်အလှဆိုင်ကယ်ပြိုင်ပွဲကို  ကျင်းပ ကာ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ည ၇ နာရီတွင် အာဆီယံနိုင်ငံများမှ ဆိုင်ကယ်ကလပ်အသင်းလိုက်  မိတ် ဆက်ပွဲကို  ကျင်းပမည်ဖြစ်ကြောင်း၊ ည ၈ နာရီတွင် မြန်မာနိုင်ငံမှ အင်ပါယာ တေးဂီတအဖွဲ့နှင့် ထိုင်း နိုင်ငံမှကရာဘောင်း တေးဂီတအဖွဲ့ တို့က ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။   
သန်းထိုက်(လှိုင်သာယာ)

5 people reached

No comments:

Post a Comment