Friday, November 28, 2014

မြန်မာနိုင်ငံဥပဒေပြုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး စွမ်းဆောင်ရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲဖွင့်



နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် တို့ပူးပေါင်းကျင်းပသည့် ''မြန်မာ နိုင်ငံဥပဒေပြုရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး စွမ်းဆောင်ရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ'' ဖွင့်ပွဲကို ယမန် နေ့ နံနက် ၉ နာရီက နေပြည်တော် ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပ ရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင် တက်ရောက် အမှာစကားပြောကြားသည်။ 

 ပြည်ထောင်စု ရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ဥပဒေ စိစစ်ခြင်းလုပ်ငန်းသည် ထူးခြား သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ စာတွေ့ သင်ရုံနှင့်မလုံလောက်ဘဲ လက်တွေ့ အတွေ့အကြုံရှိမှသာ အဆိုပါ တာဝန်ကို စွမ်းဆောင်နိုင်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေ (မူကြမ်း) များ စိစစ်ခြင်းလုပ်ငန်း၊ ကို ဆောင်ရွက်ပါကြောင်း၊ ဥပဒေ စိစစ်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ညီညွတ်ခြင်း ရှိ မရှိ၊ အခြား တည်ဆဲဥပဒေများနှင့် လိုက်လျော ညီထွေမှု ရှိမရှိစသည့် စံချိန်စံညွှန်း များနှင့်အညီ စိစစ်ရပါကြောင်း၊ မိမိတို့ရုံးအနေဖြင့် ဥပဒေရေးဆွဲ ရေးနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ များအား အိန္ဒိယ၊ စင်ကာပူနိုင်ငံ များသို့ သင်တန်းများစေလွှတ်၍ လေ့လာစေခဲ့ပါကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဥပဒေအရာရှိများအနေဖြင့်လည်း မိမိတို့ဒေသရှိ သက်ဆိုင်ရာ လွှတ် တော်များက ဥပဒေပြဋ္ဌာန်းနိုင်ရန် ကူညီပေးလျက်ရှိကြောင်း၊ ယခု ဆွေးနွေးပွဲမှ ဥပဒေရေးဆွဲရေး ဆိုင်ရာ ပညာများရရှိနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။ 

ဆက်လက်၍ UNDP ရုံးမှ Country Director, Mr. Toily Kurbauov က အမှာစကားပြောကြား ရာတွင် ဥပဒေမူကြမ်းများရေးဆွဲ ပညာရပ်တွင် UNDP မှ ကူညီပေး နေပါကြောင်း၊ ယခု ဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ဥပဒေ ကြမ်းများ ပြုစုတာဝန်ယူရသူများ လည်း ပါဝင်ပါကြောင်း၊ ဥပဒေရေး ဆွဲခြင်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် UNDP မှ ယခုဆွေးနွေး ပွဲကို စီစဉ်ပေးရခြင်းဖြစ်ပါကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် အင်္ဂလန်နိုင်ငံ ဥပဒေရေးဆွဲရေးပညာရှင် Mr. Daniel Greenberg က ဥပဒေ ရေးဆွဲရေးပညာတွင် စာလုံးတစ် လုံး၏ အဓိပ္ပာယ်သည် အလွန် အရေးကြီးကြောင်း၊ အဓိပ္ပာယ် ဖွင့်ဆိုမှု မှန်ကန်ရေးအတွက် အလွန် စိစစ် ရွေးချယ်သုံးနှုန်းရပါကြောင်း၊ ဥပဒေပြုရေးကဏ္ဍသည်နိုင်ငံတော်၏ ကဏ္ဍအသီးသီးအတွက် အလွန် အရေးကြီးပြီး တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိက အကျဆုံးဖြစ်ပါကြောင်းဖြင့် ပြော ကြားခဲ့သည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment