Friday, November 28, 2014

မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကျင်းပ

Photo: မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကျင်းပ
============================================

နေပြည်တော် နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး ကျင်းပ၍ အင်းဝဘဏ်လီမိတက်ကအဓိကကူညီပံ့ပိုးသော  Myanmar Golf Tour 2014  နောက်ဆုံးပွဲစဉ် ဖြစ်သော   မြန်မာပြည်တွင်း ပတ် လည် ဂေါက်သီးရိုက်ပြိုင်ပွဲနောက် ဆုံးပွဲစဉ်ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိ    ဂေါက်ကလပ်၌ ကျင်းပသည်။ 

အခမ်းအနားတွင်   ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)   ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊  အင်းဝ ဘဏ်လီမိတက်ဥက္ကဋ္ဌ    ဗိုလ်ချုပ် ညိုစောတို့က  ပြိုင်ပွဲဖွင့်ပွဲအထိမ်း အမှတ်  ဂေါက်သီးကို  အလှည့်ကျ ရိုက်၍  ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ဖွင့်လှစ်ပေးသည်။

ထို့နောက်  ပြိုင်ပွဲဝင်အသင်း များက ပထမနေ့ပွဲစဉ်များကို ဆက် လက်ယှဉ်ပြိုင်ကစားကြသည်။ 

အဆိုပါ  ဂေါက်သီးရိုက်ပြိုင်ပွဲ တွင်  Professional အဆင့် ၂၉ဦး၊ အပျော်တမ်းအဆင့် အမျိုးသား ၉ဝ၊ အမျိုးသမီး ၂၃  ဦး  စုစုပေါင်း အားကစားသမား ၁၄၂ ဦးဝင်ရောက် ယှဉ်ပြိုင်ကြပြီး  ယခုကျင်းပသော မြန်မာပြည်တွင်းပတ်လည်ဂေါက်သီး ရိုက်ပြိုင်ပွဲ၏  နောက်ဆုံးပွဲစဉ်ကို နိုဝင်ဘာ ၃ဝ ရက်အထိကျင်းပသွား မည်ဖြစ်သည်။

၂ဝ၁၄ ခုနှစ် မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ်ကို   ဧရာဝတီဘဏ်မှ လည်းကောင်း၊    ဒုတိယပွဲစဉ်ကို ယူနိုက်တက်အမရဘဏ်မှ   လည်း ကောင်း၊ တတိယပွဲစဉ်နှင့်စတုတ္ထ ပွဲစဉ်ကို မြဝတီဘဏ်မှလည်းကောင်း၊ ပဉ္စမပွဲစဉ်ကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ကလည်းကောင်း၊ အဓိက ကူညီပံ့ပိုးပေးခဲ့ပြီး  ယခုနောက်ဆုံး ပွဲစဉ် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အင်းဝဘဏ်က အဓိကကူညီ ပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။ 

(မြဝတီ)

No comments:

Post a Comment