Friday, November 28, 2014

ရွေးကောက်ပွဲများကျင်းပရာတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန်လိုအပ်

Photo: ရွေးကောက်ပွဲများကျင်းပရာတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန်လိုအပ်
=============================================

နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်နှင့်  International IDEA တို့ ပူးပေါင်းဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာ    ဘေး အန္တရာယ်များ  စီမံခန့်ခွဲမှု  နည်း စနစ် အကောင်အထည်ဖော်ဆောင် ရွက်မှု         အလုပ်ရုံဆွေးနွေးပွဲ ကို   ယနေ့နံနက်  ၉  နာရီတွင်  ပြည်ထောင်စုရွေးကောက်ပွဲ  ကော် မရှင်ရုံး  သင်တန်းခန်းမ၌ ဒုတိယ မြောက်နေ့အဖြစ် ဆက်လက်ကျင်းပ သည်။

အလုပ်ရုံဆွေးနွေးပွဲသို့  ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်လေ့လာခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တွေ့ ကြုံရနိုင်သည့်   ပြဿနာများကို အခြေခံ၍ ဒေသအလိုက်  အချက် အလက်များ    ကောက်ယူခြင်း၊ ပြဿနာအဆင့်  သတ်မှတ်ခြင်း၊ ERM Tool သူ ကို    အသုံးပြု၍ သတိပေးမြေပုံ   ဆောင်ရွက်ခြင်း၊ ပြဿနာများအတွက်   အဖြေရှာ ဖွေခြင်း၊ ဆောင်ရွက်ခြင်းနှင့် မှတ် တမ်းတင်ခြင်းတို့ကို ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်     ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်ဥက္ကဋ္ဌက သင်တန်းသား ၃၄ ဦးက ERM Tool  နှင့်ပတ်သက်သည့်     အသိ အမှတ်ပြုလွှာများ ပေးအပ်ချီးမြှင့် ခဲ့သည်။

ယင်းနောက်   ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား    ပြောကြား ရာတွင်       ရွေးကောက်ပွဲများ ကျင်းပရာ၌   ရွေးကောက်ပွဲနှင့် ဆက်နွှယ်၍ ဖြစ်ပေါ်လာနိုင်သော အကြမ်းဖက်လုပ်ရပ်များ၊  ပဋိပက္ခ များနှင့်  ဘေးအန္တရာယ်များသည် ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်သာမက   ကမ္ဘာ အရပ်ရပ်တွင်      ဖြစ်ပေါ်ခဲ့သည့် သာဓကများရှိပါကြောင်း၊ သို့ဖြစ်၍ ဖြစ်ပေါ်လာနိုင်သည့်  ရွေးကောက်ပွဲ ဆိုင်ရာ  ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း၊  ဖြစ်ပေါ် နိုင်သည့်   ပြဿနာများအတွက် လိုအပ်သည့် သတင်းအချက်အလက် များကို ရနိုင်သမျှသော အရင်းအမြစ် များမှ စုဆောင်းရယူ၍  ယနေ့ဆွေး နွေးခဲ့သော ERM Tool  ကို အသုံးပြုကာ ကြိုတင်ကာကွယ်ရေး ကို   ထိထိရောက်ရောက်ဆောင် ရွက်သွားရမည်  ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်   ကော် မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် သာမက နိုင်ငံရေးပါတီများ၊  အရပ် ဘက်လူမှုအဖွဲ့အစည်းများ၊ လုံခြုံရေး နှင့်သက်ဆိုင်သည့်   ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်     မဖြစ်မနေ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်းပြောကြားပြီး  အလုပ်ရုံ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ထို့နောက်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက် လာသောတိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲအရာ ရှိများအားတွေ့ဆုံ၍ ၂ဝ၁၅ ခုနှစ် ပါတီစုံ    ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်   ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား ပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။                 (သတင်းစဉ်)

No comments:

Post a Comment