Monday, November 3, 2014

ထောက်လှမ်းရေးသတင်းအချက်အလက်များ ပိုမိုစုဆောင်းရန် ပင်တဂွန် သူလျှို ၅၀၀ ပင်လယ်ရပ်ခြား၌ ဖြန့်ကြက်မည်ဆို




ပင်တဂွန် နိုဝင်ဘာ ၂


 ပင်လယ်ရပ်ခြားဒေသ အသီးသီးသို့ ပင်တဂွန်က သူလျှို ၅ဝဝ စေလွှတ်ဖြန့်ကြက်သွားရန် စီစဉ်နေကြောင်း ပရက်စ်တီဗွီသတင်း တစ်ရပ်တွင်ဖော်ပြသည်။

 အဆိုပါစာရင်းမှာ ၂ဝ၁၂ ခုနှစ်က စာရင်း၏ ထက်ဝက်နီးပါးဖြစ်ကြောင်း ပင်တဂွန်ကကြေညာခဲ့သည်ဟု ဝါရှင်တန်ပို့စ်က တနင်္ဂနွေ နေ့တွင် သတင်းဖော်ပြသည်။

 စီအိုင်အေနှင့်အမေရိကန်စစ်ဘက် အထူးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် မူလက သူလျှို ၁ဝဝဝ ထက်မနည်း ပြည်ပနိုင်ငံများ၌ ဖြန့်ကြက်ချထားရန် စီစဉ်ခဲ့သည်ဟု အဆိုပါအစီရင်ခံစာက ထပ်လောင်းဖော်ပြထားသည်။

 အဆိုပါ သူလျှိုများအား အာဖရိကနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်း နိုင်ငံများသို့ ဖြန့်ကြက်သွားမည်ဟု အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူဟောင်းတစ်ဦးက ဟြေဆိုခဲ့သည်။

 ယင်းကဲ့သို့ သူလျှိုများ ကမ္ဘာတစ်ဝန်း တိုးမြှင့်ဖြန့်ကြက်ရခြင်းမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအတွက် သတင်းအချက်အလက်များ ပိုမိုစုဆောင်းပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်တွင် ရေးသားဖော်ပြသည်။  (ပရက်စ်တီဗွီ)

No comments:

Post a Comment