Monday, November 3, 2014

အိုင်အက်စ်ကို တိုက်ခိုက်ရန် အမေရိကန်-တရုတ်သဘောတူ




ဟောင်ကောင် နိုဝင်ဘာ ၂

 အမေရိကန်နှင့်တရုတ်တို့သည် လွန်ခဲ့သောလ နှောင်းပိုင်းက အစ္စလာမ္မစ်စစ်သွေးကြွများကို ပူးပေါင်းတိုက်ခိုက်ရန် ဆွေးနွေးခဲ့သည်။ အကြမ်းဖက်မှုများကို ဆန့်ကျင်ရန် မူဝါဒပိုင်းတွင် တစ်ဦးနှင့်တစ်ဦး ဝေဖန်မှုနည်းပြီး အကျိုးဖြစ်ထွန်းသော ရလဒ်ထွက်ပေါ်ခဲ့သည်။

 တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းမှု (အေပက်)ထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲ အစည်းအဝေးတွင် နှစ်နိုင်ငံခေါင်းဆောင်များဖြစ်သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံစလုံးမှ သမ္မတနှစ်ဦးသည် အရေးကြီးကိစ္စများ ဆွေးနွေးခဲ့သည်။ 

 အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် တရုတ်နိုင်ငံက တပ်ဖွဲ့ဝင်များ သို့မဟုတ် လက်နက်များပေးမည်ဟု ကတိမပေးခဲ့ပေ။ 

 အိုင်အက်စ်စစ်သွေးကြွများနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိခြင်းသည် နိုင်ငံရေးအမြတ်ရှိမည်ဟု ကျွမ်းကျင်သူများနှင့်သံအမတ်များက ဟြေခဲ့သည်။

 ''အခုဆိုရင် တရုတ်နိုင်ငံက နောက်တန်းမှာ ဒီအတိုင်းရှိနေပြီး အမေရိကန်နိုင်ငံရဲ့ အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်မှုတွင် မည်သည့်ဝေဖန်မှုမှမလုပ်ဘူး။ဒါဟာ ပူးပေါင်းဆောင်ရွက်မှုပါပဲ'' ဟု ကမ္ဘာ့အကြမ်းဖက်မှုများကို လေ့လာနေသော ဗာဂျီးနီးယား တက္ကသိုလ်၏ လက်ထောက်ပါမောက္ခ ဖီးလစ်ပေါ်တာကဟြေကြားခဲ့သည်။   (ရိုက်တာ)

No comments:

Post a Comment