Monday, November 3, 2014

ကွန်တိန်နာယာဉ် ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်၊ အငှားယာဉ်နှင့် ဆိုင်ခန်းများ ဝင်တိုက်

Photo: ကွန်တိန်နာယာဉ် ဘရိတ်ပေါက်၍  လမ်းဘေးဓာတ်တိုင်၊  အငှားယာဉ်နှင့် ဆိုင်ခန်းများ  ဝင်တိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂

အောက်တိုဘာ ၃၁ ရက် ည ၇ နာရီ ၄ဝ မိနစ်က အင်းစိန်မြို့နယ် မြို့သစ် (က+ခ) ရပ်ကွက်၊ ဘုရင့်နောင်လမ်း မကြီး မရမ်းကုန်းဘက်မှ ပေါက်တောဝဘက်သို့ မောင်းနှင်လာသော ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ဘုရင့်နောင်လမ်းမကြီး ခ/၆ လမ်းထိပ်ရှိ ဓာတ်တိုင်၊ အငှားယာဉ်၊ ကွမ်းယာဆိုင်နှင့် ကားပြုပြင်ရေးဆိုင်များကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ မရမ်းကုန်းဘက်မှ ပေါက်တောဝသို့ ယာဉ်မောင်း နေဝင်းအောင် မောင်းနှင်လာသော ကွန်တိန်နာယာဉ် ၁ဝ ဘီးကားသည် အဖြူရောင်တက္ကစီအငှားယာဉ်နှင့် ခ/၆ လမ်းထိပ်ရှိ ဓာတ်တိုင်၊ ကွမ်းယာဆိုင်၊ ကားပြုပြင်ရေးဆိုင်တို့အား ဝင်ရောက်တိုက်မိခဲ့သည်။

ယင်းယာဉ်တိုက်မှုကြောင့် အငှားယာဉ်နှင့် ဆိုင်များပျက်စီးဆုံးရှုံးခဲ့ပြီး ဓာတ်တိုင်ရှိဓာတ်ကြိုးများလမ်းမပေါ်သို့ပြုတ်ကျကာ ဓာတ်တိုင်မှာ တစ်ဖက်သို့ယိုင်လဲခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လူတစ် ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရသည်။၏

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူအား အင်းစိန်မြို့နယ် ယာဉ်မှုစစ်အဖွဲ့မှ ပ/၁၃၄/၂ဝ၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားပြီး မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူး ဦးအေးကျော်နှင့် အဖွဲ့သည် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရန် လျှပ်စစ်မီးများ ခေတ္တဖြတ်တောက်ထားခဲ့ရကြောင်း သိရသည်။           (၆၈၄)

No comments:

Post a Comment