Monday, November 3, 2014

အနောက်ရိုးမပေါ်၌ ယိုဖိတ်နေသော နိုင်ငံပိုင်သယံဇာတများ


Photo: အနောက်ရိုးမပေါ်၌ ယိုဖိတ်နေသော နိုင်ငံပိုင်သယံဇာတများ 

ပြည် နိုဝင်ဘာ ၂

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် တရားမဝင်သစ်တောထွက် ပစ္စည်းများလျော့နည်းပပျောက်စေရေး အသိပညာပေးနေသော်လည်း ဝိသမလောဘသားများက နိုင်ငံပိုင်သစ်များအား တရားမဝင်ခုတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ခွဲစိတ်ဖြတ် တောက်ခြင်းများကြောင့် သစ်တော ပြုန်းတီးမှုများဖြစ်ပေါ်၍ သဘာဝပတ် ဝန်းကျင်ထိခိုက်ပျက်စီးမှုများ တစ်နေ့တခြားဖြစ်ပေါ်လျက်ရှိသည်။ 

မည်သည့် သစ်အမျိုးအစားကိုမဆို တရားမဝင်လုပ်ဆောင်ပါက ဥပဒေ အရအရေးယူဆောင်ရွက်ရမည်မှာ သက်ဆိုင်ရာ၏ တာဝန်ဖြစ်ရာ အောက်တိုဘာ ၂၄ ရက်က ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် မိုင်တိုင်အမှတ် ၄၄ မိုင် ၂ ဖာလုံရှိ ဆိတ်ဖူးတောင်တောအတွင်း၌ စံကား ဝါ ခိုးသစ်စကွဲယား ၄၂ တုံး  တွေ့ရှိ ကြောင်း ဒေသခံများထံမှ သတင်းရရှိခဲ့သည်။ 

ယင်းသတင်းကို အတည်ပြုချက် ရရှိနိုင်ရန်အတွက် ၂ဝဝ၂ ခုနှစ်က ပန်းတောင်းမြို့နယ်အတွင်း နိုင်ငံတော်၏ အဖိုးတန်ကျွန်းသစ် တန် ၁ဝဝ ရာကျော် ခိုးထုတ်မှု အန္တရာယ်ကို သတင်းပေးဖော်ထုတ်  ကာကွယ်ပေးခဲ့ကြသဖြင့် မှုခင်း(အထူး) သတင်းထောက်ဆု  ရရှိခဲ့ကြသော  သတင်းထောက် လေးဦးတို့က   အနောက်ရိုးမရှိ ဆိတ်ဖူးတောင်သို့ အောက်တိုဘာ ၂၆ ရက်က    ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့ကြပြီး တရားမဝင်သစ်များ အမှန်တကယ်ရှိ၊  မရှိ ရှာဖွေကြည့်ရာ ဆိတ်ဖူးတောင်အောက် သစ်ဆွဲလမ်း၏ အရှေ့ဘက် တောထဲ ၌ သစ်ဆွဲကျွဲများနှင့် စံကားဝါသစ် များဝှက်ထားသည်ကို တွေ့မြင်ကြရသဖြင့်  သတင်းမှန်ကန်မှုရှိကြောင်း ဓာတ်ပုံမှတ်တမ်းရယူခဲ့ကြသည်။ 

ထို့နောက် ဆိတ်ဖူးတောင်မှ ပြည်-တောင်ကုတ်ကားလမ်းပေါ်သို့ ပြန် လည်ထွက်ခွာလာရာ မိုင်တိုင်အမှတ် ၄၄ မိုင် ၂ ဖာလုံအနီး ကိုက် ၂ဝဝ ခန့်အကွာ တောင်ကြောကွေ့ကား လမ်းပေါ်တွင်  သစ်တောဖမ်းဆီး တံဆိပ်မပါသည့် စကွဲယားသစ်များ တင်ဆောင်ထားသော  သစ်ကားတစ်စီးအား တွေ့ရှိရသဖြင့် မှတ်တမ်း ဓာတ်ပုံရယူခဲ့သည်။ ယင်းကားပေါ်ရှိ သစ်များမှာ တရားမဝင် ခိုးသစ်များ ဖြစ်ကြောင်းနှင့် ပြည်ဘက်ရှိ သစ်စက်များသို့ ညအချိန်ပို့မည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။ နိုင်ငံတော်ဘဏ္ဍာငွေသည် နိုင်ငံတော်၏ သယံဇာတများ အလေအလွင့်နည်းပါးပြီး အခွန်အခရရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အကူရ ရှိနိုင်မည်ဖြစ်၍ သယ်ယူထုတ်လုပ် ရောင်းဝယ်ရာတွင် တရားဝင်ဖြစ်စေ ရေးနှင့် ဝိသမလောဘသားများ၏ တရားမဝင် လုပ်ရပ်များအား သက်ဆိုင်ရာမှ  ဥပဒေနှင့်အညီ  ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိ (အထူးသတင်းထောက် အဖွဲ့)က တိုင်းကျိုးပြည်ပြုသတင်းအဖြစ် သတင်းဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြလိုက်ရခြင်း  ဖြစ်ပါသည်။  အထောက်တော်အဖွဲ့(ပြည်)

ပြည် နိုဝင်ဘာ ၂

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် တရားမဝင်သစ်တောထွက် ပစ္စည်းများလျော့နည်းပပျောက်စေရေး အသိပညာပေးနေသော်လည်း ဝိသမလောဘသားများက နိုင်ငံပိုင်သစ်များအား တရားမဝင်ခုတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ခွဲစိတ်ဖြတ် တောက်ခြင်းများကြောင့် သစ်တော ပြုန်းတီးမှုများဖြစ်ပေါ်၍ သဘာဝပတ် ဝန်းကျင်ထိခိုက်ပျက်စီးမှုများ တစ်နေ့တခြားဖြစ်ပေါ်လျက်ရှိသည်။

မည်သည့် သစ်အမျိုးအစားကိုမဆို တရားမဝင်လုပ်ဆောင်ပါက ဥပဒေ အရအရေးယူဆောင်ရွက်ရမည်မှာ သက်ဆိုင်ရာ၏ တာဝန်ဖြစ်ရာ အောက်တိုဘာ ၂၄ ရက်က ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် မိုင်တိုင်အမှတ် ၄၄ မိုင် ၂ ဖာလုံရှိ ဆိတ်ဖူးတောင်တောအတွင်း၌ စံကား ဝါ ခိုးသစ်စကွဲယား ၄၂ တုံး တွေ့ရှိ ကြောင်း ဒေသခံများထံမှ သတင်းရရှိခဲ့သည်။

ယင်းသတင်းကို အတည်ပြုချက် ရရှိနိုင်ရန်အတွက် ၂ဝဝ၂ ခုနှစ်က ပန်းတောင်းမြို့နယ်အတွင်း နိုင်ငံတော်၏ အဖိုးတန်ကျွန်းသစ် တန် ၁ဝဝ ရာကျော် ခိုးထုတ်မှု အန္တရာယ်ကို သတင်းပေးဖော်ထုတ် ကာကွယ်ပေးခဲ့ကြသဖြင့် မှုခင်း(အထူး) သတင်းထောက်ဆု ရရှိခဲ့ကြသော သတင်းထောက် လေးဦးတို့က အနောက်ရိုးမရှိ ဆိတ်ဖူးတောင်သို့ အောက်တိုဘာ ၂၆ ရက်က ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့ကြပြီး တရားမဝင်သစ်များ အမှန်တကယ်ရှိ၊ မရှိ ရှာဖွေကြည့်ရာ ဆိတ်ဖူးတောင်အောက် သစ်ဆွဲလမ်း၏ အရှေ့ဘက် တောထဲ ၌ သစ်ဆွဲကျွဲများနှင့် စံကားဝါသစ် များဝှက်ထားသည်ကို တွေ့မြင်ကြရသဖြင့် သတင်းမှန်ကန်မှုရှိကြောင်း ဓာတ်ပုံမှတ်တမ်းရယူခဲ့ကြသည်။

ထို့နောက် ဆိတ်ဖူးတောင်မှ ပြည်-တောင်ကုတ်ကားလမ်းပေါ်သို့ ပြန် လည်ထွက်ခွာလာရာ မိုင်တိုင်အမှတ် ၄၄ မိုင် ၂ ဖာလုံအနီး ကိုက် ၂ဝဝ ခန့်အကွာ တောင်ကြောကွေ့ကား လမ်းပေါ်တွင် သစ်တောဖမ်းဆီး တံဆိပ်မပါသည့် စကွဲယားသစ်များ တင်ဆောင်ထားသော သစ်ကားတစ်စီးအား တွေ့ရှိရသဖြင့် မှတ်တမ်း ဓာတ်ပုံရယူခဲ့သည်။ ယင်းကားပေါ်ရှိ သစ်များမှာ တရားမဝင် ခိုးသစ်များ ဖြစ်ကြောင်းနှင့် ပြည်ဘက်ရှိ သစ်စက်များသို့ညအချိန်ပို့မည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။ နိုင်ငံတော်ဘဏ္ဍာငွေသည် နိုင်ငံတော်၏ သယံဇာတများ အလေအလွင့်နည်းပါးပြီး အခွန်အခရရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အကူရ ရှိနိုင်မည်ဖြစ်၍ သယ်ယူထုတ်လုပ် ရောင်းဝယ်ရာတွင် တရားဝင်ဖြစ်စေ ရေးနှင့် ဝိသမလောဘသားများ၏ တရားမဝင် လုပ်ရပ်များအား သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိ (အထူးသတင်းထောက် အဖွဲ့)က တိုင်းကျိုးပြည်ပြုသတင်းအဖြစ် သတင်းဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အထောက်တော်အဖွဲ့(ပြည်)

No comments:

Post a Comment